ရွှေဖီမြေ၊ မေလ ၂၆ ရက်

တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ်က အမျိုးသမီးတစ်ဦးဟာ “ဝ” ပြည်နယ် မိုင်းလားဘက်မှာ အလုပ်သွားရောက်လုပ်ကိုင်မယ်ဆိုပြီး ပွဲစားအချိတ်အဆက်နဲ့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ နေအိမ်ကနေ ထွက်ခွာသွားခဲ့ရာ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေသူ အမျိုးသမီးဟာ နမ့်ဆန်မြို့နယ် မြို့သစ်ရွာမှာ နေထိုင်တဲ့ လွေးမြအေးဆိုသူဖြစ်ပါတယ်။

လွေးမြအေးရဲ့ အစ်မဖြစ်သူက “ရွာကနေ သူငယ်ချင်း ၄ ယောက်ထွက်သွားတာ။ မိန်းကလေး ၃ ယောက် ယောက်ျားလေး ၁ ယောက်။ တောင်းခုံးမြို့ထဲဝင်ဖို့ ရေကူးပြီးသွားရတာတဲ့။ သူတို့ကို အဲပွဲစားကလာကြိုတာ။ မိန်းကလေး နှစ်ယောက်ကိုအရင် ပို့တာ။ အနောက်မှာ ကျမရဲ့ ညီမနဲ့ အဲယောက်ျားလေးကျန်တာ။ ပြန်လာခေါ်မယ်ဆိုပြီး ပြောတာ။ ပြန်လာတော့ ကျမ ညီမကိုအရင် မခေါ်ဘဲ အဲယောက်ျားကို အရင်ခေါ်သွားတာ။ ညီမကို နောက်ဆုံးမှ လာခေါ်မယ်ဆိုပြီး ပြောတာ။ ညီမကို ပြန်လာခေါ်တဲ့အချိန်ကျမှ ရေထဲပါသွားတာတဲ့။ ကျနော်က ရေကူးတတ်လို့ လွတ်လာတာ။ သူကရေမကူးတတ်တော့ ရေထဲပါသွားတယ်ဆိုပြီး အဲ ၃ ယောက်ဆီ ပြန်လာပြောတာ” လို့ ပြောပါတယ်။

လွေးမြအေးရဲ့ သူငယ်ချင်းဖြစ်သူ ၃ ဦးနဲ့ ဆက်သွယ်ရပေမယ့် လွေးမြအေးရဲ့ သတင်းအစအန မတွေ့တာကြောင့် ရေထဲပါသွားတာ မဟုတ်ဘဲ လူကုန်ခံရတာ ဖြစ်နိုင်တယ်လို့ အစ်မဖြစ်သူက ဆိုပါတယ်။

“ကျမတော့ သူရေထဲပါသွားတာကို မယုံဘူးပေါ့နော်။ တကယ်တမ်း ကျမရဲ့ ညီမကို အရင်ခေါ်သွားရမယ်လေနော်။ အဲယောက်ျားကို အရင်လာခေါ်တယ်ဆိုတော့ အဲကတည်းက ဘာသတင်းမှမကြားရတော့ဘူး။ သူ့ရဲ့သူငယ်ချင်းတွေက သူ့ယောက်ျားဆီပြောလာလို့ သိရတာ။ ရောင်းစားခံရမှာကို ကျမတို့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

လွေးမြအေးကို တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုဝင်ဖုန်းဖြစ်တဲ့ (တရုတ်ဖုန်းနံပါတ် – 184 699 547 84 ) ကို ဆက်သွယ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။