ဓာတ်ပုံ – DMLY (Facebook)

ပပ၊ မေလ ၂၅ ရက်၊ မိုင်းဖြတ်

‎ရှမ်းအရှေ့ မိုင်းဖြတ်မြို့နယ်မှာ ပြိုကျလာတဲ့ ကျောက်တုံး ထိတာကြောင့် ကားသမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ မေလ ၂၄ ရက် ညပိုင်းမှာ မိုင်းဖြတ်မြို့နယ် တာကျောက်ရွာအနီးမှာ ကားနားပြီး ရေဖြည့်နေတဲ့ ကားသမားနဲ့ ယာဉ်နောက်လိုက်သူ အပေါ်ကို ကမ်းပါးပြိုကျကာ ကျောက်တုံးလိမ့်ကျခဲ့တာ ဖြစ်ပါတယ်။

‎ဖြစ်စဉ်ကိုသိရသူ အမျိုးသားက “အဲနေရာမှာ ခရီးသည်ကားတွေ မကြာခဏ ရပ်ကြလေ့ရှိတယ်။ ဒီတလောက မိုးတအားရွာတော့ မြေက ပျော့ပြီး ကမ်းကပြိုကျလာတာ” လို့ ပြောပါတယ်။

‎၎င်းအမျိုးသား ၂ ဦးဟာ အသက် ၃၀ ဝန်းကျင်ရှိသူတွေဖြစ်ပြီး ကျောက်တုံးထိလို့ ခြေထောက်နဲ့ ရင်ဘတ်တွေမှာ ပြင်းထန်ဒဏ်ရာနဲ့ပဲ ယာဉ်မောင်းဖြစ်သူအမျိုးသားက သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ မိုင်းဖြတ်ဆေးရုံပို့ချိန် လမ်းတစ်ဝက်မှာ သေဆုံးသွားခဲ့တာလို့ သူက ဆိုပါတယ်။

‎ဒီဖြစ်စဥ်မျိုး ထပ်မဖြစ်စေဖို့ ၎င်းနေရာမှာ ကားသမားနဲ့ ခရီးသည်တွေ မရပ်နားဖို့ မေတ္တာရပ်ခံချင်ကြောင်း အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

‎အဲဒီနေရာမှာ ပြီးခဲ့တဲ့နှစ်ကလည်း ကားသမားတယောက် ကားပေါ်ကနေ လမ်းဆင်းကြည့်နေချိန် ကမ်းပါးပေါ်က ကွာကျလာတဲ့ ကျောက်ပြားထိတာကြောင့် ခန္ဓာကိုယ်နှစ်ခြမ်းကွဲပြီး သေဆုံးခဲ့ဖူးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။