ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ လားရှိုး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်က ဖုန်းခိုးယူသွားသူ ၂ ဦးနဲ့ ဖုန်းလက်ခံဝယ်ယူထားသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဖုန်းဝယ်ယူသူ ၂ ဦးကို မန်အိုင်ကျေးရွာအုပ်စု ကုန်းမုံရွာ ရေကန်တောင်လမ်းမှာ လမ်းသွားလမ်းလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို စစ်ဆေးရာ ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ ၂ ဦးဟာ ဖုန်းခိုးယူသွားချိန် ဗီဒီယိုမှတ်တမ်း ရှိထားသူတွေဖြစ်ပြီး ဖုန်းကို ရပ်ကွက်(၈)မှာ သွားရောင်းခဲ့ပြီး ဖုန်းဝယ်ယူထားတဲ့ ဆိုင်ပိုင်ရှင်ကိုပါ စစ်ကောင်စီဘက်က ဖမ်းခေါ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ထဲက ရပ်ကွက်တွေထဲ သူခိုးကို ဖမ်းမိရင် ဓာတ်ပုံရိုက်ပြီး လိုင်းပေါ် မတင်ကြဖို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောဆိုထားပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာလည်း လားရှိုးမြို့ထဲ သူခိုးတစ်ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုမှာ ခိုးမှု၊ ဓားပြတိုက်မှု ဆက်တိုက် ဖြစ်ပွားနေပြီး သက်ဆိုင်ရာတွေဘက်က ဖမ်းဆီးနိုင်မှု အားနည်းနေကြောင်း ဒေသခံတွေက ဝေဖန်ထောက်ပြနေကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံးကိုးမှာ TNLA ထံ တာဝန်ထမ်းဆော​င်သူတွေရဲ့ စာရင်းကို ကိုးကန့်တပ် တောင်းခံနေ၊ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေလည်း ရှိနေ

ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။