Screenshot

ဝတ်မှုံ၊ မတ်လ ၁၆ ရက်၊ မုံးကိုး

ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မုံးကိုးမြို့မှာရှိတဲ့ တအာင်းရွာက ရွာသူကြီးတွေကို MNDAA တပ်က အစည်းခေါ်ပြီး ရွာထဲမှာ TNLA ထံ တာဝန်ထမ်းဆောင်သူရှိမရှိ မေးမြန်းတာနဲ့ တာဝန်ထမ်းဆောင်သူရှိရင် အဲလူတွေရဲ့ စာရင်းတွေ လာအပ်ဖို့ ပြောဆိုကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“မုံးကိုးမှာ MNDAA က အစည်းအဝေးခေါ်တယ်။ ရွာလူကြီးတွေကို တအာင်းစစ်သားလုပ်တဲ့သူ ရှိမရှိ မေးမြန်နေတယ်။ ရှိရင် စာရင်းလာအပ်ဖို့ မအပ်မနေရတဲ့။ အစည်းအဝေးလာတဲ့ အထဲက သူတို့သိတဲ့ ရှောက်ရွှေကျင် တအာင်းစစ်သား နှစ်ယောက်ကို ဖမ်းထားတယ်။ ပေးမပြန်ဘူး။ စာရင်းတောင် မအပ်ရသေးဘူး။ သူတို့သိတဲ့သူ ဖမ်းနေပြီ။ စာရင်းမအပ်ရင်လည်း မရမဲ့သဘောရှိတယ်”

အဲဒီ မတ်လ ၁၄ ရက်မှာပဲ ရှောက်ရွှေကျင်ရွာက TNLA တပ်သား ၂ ဦး ကိုးကန့်တပ်က ဖမ်းဆီးထားပြီး တစ်ခြားရွာက TNLA ထံ တာဝန်ထမ်းဆောင်သူတွေရဲ့ စာရင်းလည်း မပို့မနေရ လာပို့ခိုင်းနေတယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

“အရင်နှစ် ၂၀၂၅ က သူတို့လုပ်တဲ့ အိမ်ထောင်စုဇယားမှာ ကိုယ့်အိမ်က ဘယ်တပ်ရဲ့ အဖွဲ့အစည်းမှာ တာ၀န်ထမ်းဆောင်နေလဲဆိုတာ ထည့်ထားရတယ်။ အဲတော့ TNLA လို့ ထည့်ထာတဲ့ အိမ်ထောင်စုတွေ ရှိနေတယ်။ စာရင်းမပေးရင်လည်း မရလောက်ဘူး။ သူတို့မှာ ရှိနေတော့လေ။ ပေးရင်လည် ဖမ်းဖို့ လာရှာမယ့်သဘောရှိနေတယ်။ ဒီနေ့လယ်အထိ MNDAA က ဖုန်းခဏခဏ ဥက္ကဌဆီ ဆက်နေတာ​။ ထွက်ပြေးတဲ့သူတွေကို လိုက်ရှာခိုင်းနေတာ။ ၁၀ အိမ်မှူးတွေခေါ်ပြီးကို ရှာခိုင်းနေတာ။ မရှာပေးရင်လည်း ဆူနေလို့ ရှာနေရတာ”

အလားတူ မနေ့ မတ်လ ၁၅ ရက်မှာလည်း နမ့်ဖတ်ကာ ရပ်ကွက် (၄) က တအာင်းလူမျိုးတွေရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားတဲ့အပြင် ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။