‎ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ နောင်ချို

‎နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် ကုန်းစံကျေးရွာနဲ့ ၁၅ မိနစ် ဝန်းကျင်သွားရတဲ့ ကြံခင်းထဲ ကြံခုတ်ရင်း ကြိုးမိုင်းကို ခြေထောက်နဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

“တိုက်မိတာနဲ့ မီးက ကြိုးကနေတစ်ဆင့် ကျမဘက်ကို ရောက်လာတာ။ ပေါက်ကွဲတဲ့အချိန် မီးခိုးတွေလုံးပြီး နားအူသွားတာ။ ပြီးမှအချင်းချင်း သယ်ပြန်လာကြတာ” လို့ သူမက ပြောပါတယ်။

‎မိုင်းအမျိုးမျိုး ထပ်ရှိမှာကို စိုးရိမ်တာကြောင့် ၎င်းကြံခင်းကိုလည်း ဒီနေ့အထိ ဘယ်သူမှ လာမခုတ်ရဲကြတော့ဘူးလို့ သူမက ဆိုပါတယ်။

‎”ပေါက်ကွဲသံကြောင့် ကျမရဲ့သမီးလေးဆို ၃ ရက် ၃ ည လောက်မအိပ်ရဲဘူး။ လန့်ပြီး ကြောက်နေလို့” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

‎ဒဏ်ရာရသွားတဲ့ ၈ နှစ်အရွယ် ယွန်းဝတီက နားထင် ပေါက်တာနဲ့ မိခင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မအေးအေးအောင်က ဦးခေါင်းပေါက်ခဲ့သလို ၃၀ နီးပါးအရွယ် မောင်နှမနှစ်ဦးဖြစ်တဲ့ မစန်းညိုက ခြေထောက် ပေါက်ပြဲတာ၊ မစန်းပိုက ခြေထောက်နဲ့ နောက်ကျော ပေါက်ခဲ့ရပါတယ်။

‎လက်ရှိမှာတော့ ၎င်းအမျိုးသမီးတွေဟာ နောင်ချိုပြည်သူ့ဆေးရုံကြီးမှာသာ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။

‎လယ်ယာမြေထဲ လုပ်ကိုင်စားသောက်ဖို့ လိုအပ်တာကြောင့် သက်ဆိုင်ရာတွေက စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးကြဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် နောင်လင်ရွာက ကြံခင်းရှင်းနေတဲ့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။