ဝတ်မှုံ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ တောင်ကြီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကားဝယ်သူက ငွေချေမယ်ဆိုပြီး ကားရောင်းသူ ညီအစ်ကို ၂ ယောက်ကို အေးသာယာမြို့ကနေ ဟဲဟိုးမြို့ကို ခေါ်သွားပြီး လမ်းတစ်ဝက်မှာတင် ဓားနဲ့ထိုးသွားခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“အေးသာယာမှာ ကားကြည့်ပြီးတော့ မနက်အစော ကားကြည့်ပြီးတော့ ကားကြိုက်တယ်။ ငွေချေမယ်ဆိုပြီးတော့ ဟဲဟိုးကို သွားတာ။ အဲမှာ လမ်းမှာထိုးခံရတာပါ”

အဆိုပါ ညီအစ်ကို ၂ ယောက်ဟာ အေးသာယာမှာ နေထိုင်သူဖြစ်ပြီး ဓားထိုးမှုကြောင့် ညီလေးဖြစ်သူ သေဆုံးသွားပြီး အစ်ကိုဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဓားနဲ့ထိုးခဲ့တဲ့ တရားခံ အမျိုးသားကိုတော့ ရဲတပ်ဖွဲ့တွေက ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းမြောက် လားရှိုးမြို့မှာလည်းအောက်တိုဘာ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ရပ်ကွက် (၁၀) ရှိ တိုင်းလမ်းခွဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက ကားဝယ်မယ်လို့ ဆိုကာကားကိုအစမ်းမောင်းကြည့်မယ်ဆိုပြီး ကားခိုးယူထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။