နမ္မတူရဲစခန်းမှာ ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတစ်ဦး အချုပ်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေ

ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ နမ္မတူ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့…

နမ္မတူမြို့နယ်ထဲ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းထားသူတစ်ဦး ဖမ်းဆီးရမိ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်အတွင်း မူးယစ်ဆေးဝါး၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း သိမ်းဆည်းထားသူတစ်ဦးကို မြို့နယ် တအာင်းရဲတပ်ဖွဲ့နဲ့မူးယစ်အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

နမ္မတူမြို့မှာ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေတွေ ပါသွား

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ ရပ်ကွက်(၂)ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ရွှေနဲ့ငွေသားတွေ ပါသွားတယ်လို့ အိမ်ရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူ ပန်လုံရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံး

ရှမ်းမြောက် နမ္မတူမြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၂ ဦး နမ့်မြီးချောင်းမှာ ငါးမိုင်း ခွဲရင်း ကြိုးမိုင်း နင်းမိလို့ ၁ ဦး သေဆုံးခဲ့တယ်လို့ သေဆုံးသူ အမျိုးသားနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ္မတူမှာ ကားဘရိတ် ပေါက်ရာကနေ မတော်တဆမှုဖြစ်၊ တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ထဲ ကားဘရိတ် ပေါက်ရာကနေ မတော်တဆမှုဖြစ်လို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

နမ္မတူက အမျိုးသားတစ်ဦး မီးပြင်ရင်း ဓာတ်လိုက်သေဆုံး

တအာင်းတပ်မတော် -TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် မိုင်းရင်အုပ်စု မန်ဆာကျေးရွာမှာက အမျိုးသားတစ်ဦဟာ ပျက်နေတဲ့ မီးကြိုး‌တွေ ပြင်နေရင်း ဓာတ်လိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကိုးကန့်တပ်က လားရှိုးကနေ နမ္မတူဘက် ဖြတ်သန်းသွားလာခွင့်ကို ထပ်ပိတ်ပြန်၊ ကားအများအပြား ထပ်ပိတ်မိနေ

ကိုးကန်တပ်-MNDAAက သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးကနေ တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ နမ္မတူနဲ့ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကားဖြတ်သန်းခွင့်ကို ထပ်မံပိတ်လိုက်ပြီလို့ ခရီးသည်တစ်ဦးက ရွှေဖီ​မြေကို ပြောပါတယ်။

နမ္မတူမှာ စက်သုံးဆီ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြစ်နေပြီး အကန့်အသတ်နဲ့ ရောင်းပေးတဲ့ဆိုင်မှာ တစ်လီတာကို ၆ ထောင် ရောင်းချ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ စက်သုံးဆီ တစ်လီတာကို ၆ ထောင်ကနေ ၁ သောင်းခွဲအထိ ကြိုက်ရောင်းကြိုက်ဝယ်အဖြစ် ရောင်းချနေကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူမှာ PSLF/TNLA က ကားလိုင်စင် စတင်လုပ်ဆောင်နေပြီး လိုင်စင်ခကို အနည်းဆုံး ၃ သိန်းကနေ ၈ သိန်းအထိ ပေးရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ရေးအဖွဲ့- VRT က ကားလိုင်စင် စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။

နမ္မတူမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

‎နမ္မတူ-မန်တုံ ပြည်ထောင်စုလမ်းမပေါ်မှာ ယာဉ်တိုက်မှာဖြစ်လို့ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။