မိုင်းအရှိုင်း၊ မတ်လ ၇ ရက်၊ နမ္မတူ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ မော်တော်ယာဉ် မှတ်ပုံတင် ကြီးကြပ်ရေးအဖွဲ့- VRT က ကားလိုင်စင် စတင်လုပ်ဆောင်ပေးနေပြီလို့ သိရပါတယ်။

လိုင်စင်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး ကားလိုင်စင် မပြုလုပ်ခင် နမ္မတူမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူကို အစည်းအဝေး ခေါ်ယူကာ လုပ်ထုံးလုပ်နည်း ရှင်းပြတာနဲ့ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ VRT အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်တုန်းက နမ္မတူ အုပ်ချုပ်ရေးကော်မတီတွေခေါ်ပြီး အစည်းအဝေး လုပ်တာတွေ ရှိတယ်။ အသိပညာပေးတာတွေ လုပ်ဆောင်တာ ရှိခဲ့ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။ ယာဉ်လိုင်စင် လုပ်ရခြင်းရဲ့ အဓိက ရည်ရွက်ချက်ကတော့ အထူးသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက် ပါ ပါတယ်”

တအာင်းဒေသအတွင်း ဥပဒေနဲ့အညီ တရားဝင် မှတ်ပုံတင်ခြင်းကြောင့် မှတ်ပုံတင်မဲ့ယာဉ်တွေ လျော့နည်းပပျောက်စေဖို့၊ တရားမဝင် ကုန်ပစ္စည်း မှောင်ခိုသယ်ယူမှု လျော့နည်းပပျောက်စေဖို့၊ လူထုတွေ ပိုင်ဆိုင်တဲ့ယာဉ်တွေ လုယက်ခိုးယူမှု ကင်းရှင်းစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသကို အုပ်ချုပ်သူအနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်အခ ဆုံးရှုံးမှု မရှိစေဖို့၊ ဒေသအတွင်း တည်ရှိတဲ့ မြို့ပြနဲ့ ကျေးလက်နေသူတွေ သွားလာမှု အဆင်ပြေစေဖို့၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေဖို့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ယာဉ်လိုင်စင် ပြုလုပ်တဲ့နေရာမှာ ယာဉ်အမျိုးအစားနဲ့ မော်ဒယ်အလိုက် အနည်းဆုံး ၃ သိန်းကနေ အများဆုံး ၈ သိန်းအထိ ကောက်ခံနေကြောင်းနဲ့ လိုင်စင်သက်တမ်းက ၂ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

PSLF/TNLA က ပြုလုပ်ပေးတဲ့ ယာဉ်လိုင်စင် ဖြစ်တဲ့အတွက် လူထုတွေက အဲဒီယာဉ်လိုင်စင်နဲ့ ဘယ်နေရာ ဘယ်ဒေသတွေကို ဖြတ်သန်းသွားလာလို့ ရလဲဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။

ဆက်လက်ပြီး အထက်ပါ အဖွဲ့ဝင်က “ဟုတ်ကဲ့ ဒီယာဉ်လိုင်စင် နံပါတ်ပြားနဲ့ ဘယ်ဒေသကို သွားလို့ရလဲဆိုတော့ အထူးသဖြင့် TNLA ထိန်းချုပ်ထားတဲ့ ဘယ်နေရာမဆို ချောချောမွေ့မွေ့ သွားလို့ရမယ်ပေါ့။ စကစ ထိန်းချုပ်တဲ့ နယ်မြေတော့ သွားလို့မရဘူးပေါ့။ ခရီးသည် ကားသမားတွေအတွက်တော့ အထူးသဖြင့် ဒီနံပါတ်ပြား မတပ်လို့လည်း ရတယ်ပေါ့ ဒီကြားကာလထဲမှာ။ ကိုးကန့်နဲ့ “ဝ”ဒေသထဲ လွတ်လွတ်လပ်လပ် သွားလာဖို့က ကျနော်တို့ အထက်ကို တင်ပြထားတာ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

ယာဉ်လိုင်စင်ကို လာမယ့် ၄ လပိုင်းမှာ စတင်စစ်ဆေးသွားမှာဖြစ်ပေမဲ့ ကားပိုင်ရှင်တွေ အထိမနာအောင်တော့ အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။