ရွှေဖီမြေ၊ မေလ ၉ ရက်၊ နမ္မတူ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ထဲ ကားဘရိတ် ပေါက်ရာကနေ မတော်တဆမှုဖြစ်လို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီနေ့ မေလ ၉ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ နမ္မတူမြို့ မြို့မဈေးအနီးမှာ မြေတင်ကားတစ်စီး ဘရိတ်ပေါက်ရာကနေ မောချယ်ရီတည်းခိုခန်းအနီးရှိ နေအိမ်တစ်အိမ်ကို ဝင်တိုက်မိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အပေါ်ကနေ ဆင်းလာတာ။ ကားက ဘရိတ်ပေါက်ပြီးသား။ အော်တယ် သူက အော်တယ်။ သူမထိန်းနိုင်ဘူး အဝေးကနေ အော်လာတယ်။ ဒီနားမှာ အများကြီး ထိုင်ကြတာ ကယ်ရီသမားတွေ။ ဦးဂျဘား(သေဆုံးသူ)က အသက်ကြီးတော့ သူမပြေးနိုင်ဘူးလေ။ သူမလွတ်သွားဘူး။ ကားနဲ့ပါသွားပြီလေ”

ယာဉ်မတော်တဆမှုကြောင့် ဦးဂျဘားဆိုသူ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါအဝင် TNLA တပ်သား ၃ ဦးနဲ့ ဒေသခံ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို နမ္မတူ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနိုင်ဖို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ညနေ ၄ နာရီခွဲကလည်း နမ့်ခမ်းမြို့နယ် ကွန်လုံရွာမှာ လယ်ထွန်စက်တစ်စီးနဲ့ စက်ဘီး တိုက်မိပြီး အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။