နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ TNLA ဆို

နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ မိုင်းတွင်းကျောက်လုပ်ငန်းအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က မေလ ၃၁ ရက်နေ့မှာ ရှင်းလင်းချက် ထုတ်ပြန်လိုက်ပါတယ်။

နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅၅ ဦးအထိ ရှိ၊ ထပ်တိုးလာနိုင်

ဒီနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ နာရီခွဲမှာ နမ့်ခမ်းမြို့ ကောင်းတပ်ရွာက ပေါက်ကွဲမှုကြောင့် ဒေသခံ သေဆုံးသူ ၅၅ ဦးအထိရှိပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၄ ဦးအထိရှိလာပြီး သေဆုံးသူ ထပ်တိုးလာနိုင်

နမ့်ခမ်းမြို့ ကောင်းတပ်ရွာက ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၄ ဦးအထိရှိပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာဖြစ်ပွားတဲ့ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိနေပြီး အရေးပေါ်သွေးတွေ လိုအပ်နေ

ဒီနေ့ နေလ ၃၁ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အနီးက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိနေပြီး အရေးပေါ်သွေးလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း၊ ကောင်းတပ်ရွာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုများနိုင်

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရရှိသူ‌တွေ အများအပြားရှိတယ်လို့ သိရပါတယ်။

‎နမ့်ခမ်း ဆောရမ်ရွာခံကို KIA က တောကောင်ထင်ပြီး ပစ်ခတ်မိရာကနေ သေဆုံး၊ ပစ်ခတ်သူကို အရေးယူပေးဖို့ ဒေသခံတွေ တောင်းဆို

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ထဲက ရွာခံအမျိုးသားတစ်ဦးကို ကချင်တပ်မတော်- KIA က တောကောင်ထင်ပြီး ပစ်ခတ်မိရာကနေ သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

နမ့်ခမ်းမှာ ဓာတ်ဆီတစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရ၊ ဆီဆိုင်တချို့လည်း ပိတ်

တအာင်းတပ်- PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရပြီး ဆိုင်တချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ကနေ ကိုးကန့်တပ်သားတချို့ ပြန်လည်ဆုတ်ခွာပေမဲ့ TNLA ရဲ့ ၁၂ မိုင်ဂိတ်မှာ ကိုးကန့်တပ် အလံထောင်ပြီး တပ်စွဲထားဆဲ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်ကနေ ကိုးကန့်တပ်- MNDAA ရဲ့ တပ်သားတချို့ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းက တအာင်းအမျိုးသား ၃ ဦးကို ကိုးကန့်တပ်က ကွတ်ခိုင်မှာ ဖမ်းဆီးထား

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် တွန်ဟုန်းအုပ်စု နမ့်စန် (နမ့်ကျောင်)ရွာမှာ နေထိုင်တဲ့ တအာင်းအမျိုးသား ၃ ဦးကို ကိုးကန့်တပ်- MNDAA က ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ရွာအနီးဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း-မူဆယ်ကြား စယ်လန့်ရွာမှာ ကိုးကန့်တပ် အင်အား ၃၀၀ကျော်ရောက်ရှိလာ၊ နမ့်ခမ်းကို ၂ဖက်ပိတ်ပြီး ဒီနေ့ည တိုက်နိုင်

နမ့်ခမ်း-မူဆယ်ကြားရှိ စယ်လန့်ကျေးရွာမှာ ကိုးကန့်ဝတ်စုံဝတ်ဆင်ထားတဲ့ ပူးပေါင်းတပ်အဖွဲ့တွေ ရောက်ရှိနေပြီး နမ့်ခမ်းကို ဒီနေ့ည ထိုးစစ်ဆင်မယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိထားပါတယ်။