ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ နမ့်ခမ်း
ဒီနေ့ နေလ ၃၁ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့အနီးက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရသူအများအပြားရှိနေပြီး အရေးပေါ်သွေးလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
အရေးပေါ် သွေးလှူဒါန်းလိုသူတွေအနေနဲ့ နမ့်ခမ်းမြို့ပြည့်သူဆေးရုံမှာ လာရောက်လှူဒါန်းပေးဖို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက တိုက်တွန်းထားပါတယ်။
ကောင်းတပ်ရွာက ဖြစ်ပွားတဲ့ ပေါက်ကွဲမှုမှာ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရသူတွေဆယ်နဲ့ချီရှိကာ ပိတ်မိနေသူတွေကို ဆက်လက်ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။
ပေါက်ကွဲမှုအသေးစိတ်ကို မသိရသေးပေမယ့် ယမ်းဂိုထောင်ပေါက်ကွဲတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေသလို အသေးစိတ်ကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး တအာင်းတပ်ဘက်ကလည်း ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းပြီး သတင်းထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။