ရွှေဖီမြေ၊ မေလ ၃၁ ရက်၊ နမ့်ခမ်း
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် သေဆုံးဒဏ်ရာရရှိသူတွေ အများအပြားရှိတယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ ကောင်းတပ်ရွာရဲ့ ဘုန်းကြီးကျောင်းအနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ပေါက်ကွဲတဲ့အသံလည်း ကြားရတယ်။ ကျနော်တို့က အိမ်ထဲမှာနေတာ။ ကျတဲ့နေရာက အိမ်ရဲ့အနောက်မှာဘဲ။ သေဆုံးသူတွေ ဒဏ်ရာရတဲ့သူတွေ အများကြီးဘဲ။ အသိအကျမသိရသေးဘူး။ လက်နက်ကြီးလား ဒရုန်းလာတော့ မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်သေဆုံးမှုရှိတဲ့အပြင် အနီးတဝိုက်က နေအိမ်တွေ အများအပြားလည်း ပျက်ဆီးသွားပြီး အသေးစိတ်အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။