မေလ ၃၁ ရက်၊ နမ့်ခမ်း
နမ့်ခမ်းမြို့ ကောင်းတပ်ရွာက ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၄ ဦးအထိရှိပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အခုထိ သယ်နေကြတုန်းပဲ။ ဆေးရုံမှာလည်း ဒဏ်ရာရရှိတဲ့သူတွေ အများကြီးပဲ။ တစ်ရွာလုံးနီးပါး အိမ်တွေလည်း အကုန်ပျက်တယ်။ အခုထိ သေတဲ့သူစာရင်းတော့ ၁၄ ယောက်အထိ ရှိနေပြီ”
အရေးပေါ် သွေးလှူဒါန်းလိုသူတွေအနေနဲ့ နမ့်ခမ်းမြို့ပြည့်သူဆေးရုံမှာ လာရောက်လှူဒါန်းပေးဖို့ ကယ်ဆယ်ရေးလုပ်ပေးနေသူတွေက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်အထိ ဒဏ်ရာရသူတွေဆယ်နဲ့ချီရှိနေပြီး ပိတ်မိနေသူတွေကို ဆက်လက်ကယ်ထုတ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။