မူဆယ်က KTV ဆိုင်တစ်ခုမှာ ခိုက်ရန်ဖြစ်ပွားပြီး ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့က ကေတီဗီဆိုင်တစ်ခုမှာ လိုင်းကြေးကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းခဲ့ကြရတာကနေ ခိုက်ရန်ဖြစ်ပွားပြီး နမ့်ခမ်းမြို့မ ပြည်သူ့စစ်နဲ့အတူ လိုက်ပါလာတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။