နော်ဂျား၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်က နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်က ရပ်ကွက် (၉) ခုမှာ မူးယစ်ဆေးဝါး လက်လီလက်ကား အရောင်းဆိုင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တရားဝင်ရောင်းချခွင့် ပြုလိုက်ပြီလို့ သိရပါတယ်။

မူးယစ်ဆေးဝါး လက်လီလက်ကား အရောင်းဆိုင် (၃၃) ဆိုင်ကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ရောင်းချခွင့် ပြုပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲဆိုင်တွေကို မန်ပိန်း (၃၈) ၊ လွယ်ဆေး၊ တာမိုးညဲနဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်တွေက တာဝန်ခံပေးထားတယ်လို့လည်း ပြောပါတယ်။

ဆိုင်ဖွင့်မိန့်ကို မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပြည့်ဝင်းအောင်ရဲ့ လမ်းညွှန်မှုနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်၊ စခန်းမှူး ဒုရဲမှူးနေယုဆန်း ဦးဆောင်တဲ့ CID မှုခင်းရဲတပ်ဖွဲ့၊ SB ရဲသတင်းတပ်ဖွဲ့၊ ဒန-ဒုစရိုက်နှိမ်နှင်းရေးရဲတပ်ဖွဲ့နဲ့ မူဆယ်(အထူး)မူးယစ်တပ်ဖွဲ့စု စတဲ့ အဖွဲ့တွေဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

“မူဆယ်(အထူး)မူးယစ်တပ်ဖွဲ့စုကလည်း မူးယစ်ဆေးဝါးနဲ့ ပါတ်သက်ပြီး ပြသနာတစ်စုံတစ်ရာဖြစ်လာရင် ကိုယ့်ရဲ့အဖွဲ့စုကသာ တာဝန်ခံရမယ်။ လိုင်းကြေးကိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့နည်းတူ တစ်ဆိုင်ကိုသိန်း (၂၀) နူန်း ယူမယ်လို့ ပြောတယ်။ အဲလိုပြောပြီး အဖွဲ့ထဲ ပါဝင်လာခဲ့တာ” လို့ ရဲသတင်းအမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါဆိုင်တွေမှာ ဘိန်းဖြူ၊ K၊ ရာမ၊ ICE ၊ ဘိန်းမဲ၊ HAPPY WATER နဲ့ ဆေးခြောက် လက်လီလက်ကား ရောင်းချနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆိုင်တစ်ဆိုင်ရဲ့ လိုင်းကြေးဟာ တစ်လကို (၇၅) သိန်းလို့ မူလက သိထားပေမယ့် ဖေဖော်ဝါရီလအတွက်ဆိုပြီး ပြီးခဲ့တဲ့ ၆ ရက်မှာ သိန်း (၈၀) ကောက်ခံသွားတယ်လို့ ပြောပါတယ်။

ဖေဖော်ဝါရီ (၇) ရက်နေ့မှာလည်း မြို့ရှောင်လမ်းရှိ (၉၉) နိုင်းနိုင်းဂိမ်းဆိုင်နဲ့ တွဲပြီးဖွင့်ထားတဲ့ အဆိုပါမူးယစ်ဆေးဝါးအရောင်းဆိုင်ကို ရဲအယောင်ဆောင် ၃ ဦးက လာရောက်ကာ ငွေတောင်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဲဒီလူ ၃ ဦးကို မြို့မရဲစခန်းက အချုပ်ဆောင် (၂) မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။