တရုတ်ပြည်မှာ တစ်ပတ်ကဒ်နဲ့ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်အစိုးရက ဆက်တိုက်ဖမ်းဆီးပြီး မူဆယ်ဘက် ပြန်ပို့

ဆုမွန်၊ စက်တင်ဘာ ၄ ရက် ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကဒ်နဲ့…

မူဆယ်အထွက်က AA နဲ့ MNDAA စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရေးတာဝန်ကျ ရဲဘော်တွေကို လိုက်တိုက်တဲ့ ကားသမား ပစ်သတ်ခံရ

မြတ်နိုး၊ ဩဂုတ် ၃၁ ရက်၊ မူဆယ် ရှမ်းမြောက် မူဆယ်မြို့ကနေ ၁၀၅ မိုင်ဘက်အထွက် AA နဲ့ MNDAA…

မူဆယ်ရှိ ကျားဖျန့်လုပ်ကိုင်သူ ၂၀ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

မူဆယ် မော်တောင်းကနေ ပြောင်းရွှေ့သွားတဲ့ ရာနဲ့ချီတဲ့ တရုတ်ကျားဖျန့်တွေဟာ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင် အနီးတဝိုက်မှာ ခြေရာဖျောက်ပြီး ပျောက်ဆုံးနေ

‎မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု ခိုတိန်ရွာအနီးရှိ တစ်နှစ်ကျော်ကြာ အခြေချခဲ့တဲ့ ရာနဲ့ချီတဲ့ တရုတ်ကျားဖျန့်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်မှာ ပြောင်းရွေ့သွားခဲ့ပေမဲ့ တချို့က နမ့်ဖတ်ကာနဲ့ ကွတ်ခိုင် အနီးတဝိုက်မှာ ပျောက်ဆုံးနေကြောင်း ဖြစ်စဉ်သိရတဲ့အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်-နမ့်ခမ်းလမ်းမကြီးပေါ်ရှိ KIA စစ်ဆေးရေးဂိတ်မှာ အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်ခတ်လို့ ဒဏ်ရာရ၊ အဲစစ်ဆေးရေးဂိတ်ကို ဒေသခံတွေက သွားရောက်ဖျက်ဆီး

တပ်-KIA စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ဒေသခံအမျိုးသားတစ်ဦးကို KIA တပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ‌ပြောပြချက်အရ သိရပါတယ်။

မူဆယ်မြို့အထွက် စစ်ကောင်စီဂိတ်မှာ တရုတ်ပစ္စည်း ပေးမဖြတ်

မူဆယ်အထွက် စစ်ကောင်စီဂိတ်မှာ အရင်တစ်ပတ်ကတည်းက တရုတ်ပစ္စည်းတွေ ပေးမဖြတ်တော့ကြောင်း ကားသမားတွေဆီက သိရပါတယ်။

မူဆယ် နယ်စပ်ဂိတ်မှာ တနိုင်တပိုင် ပစ္စည်းသွင်းထုတ်သူတွေကို ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး စိတ်ကြိုက် ငွေတောင်းတာ ပစ္စည်းသိမ်းယူနေတာတွေ ပြုလုပ်နေ

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ တရုတ်ဘက်က ပစ္စည်းတွေကို တနိုင်တပိုင် သယ်ယူပို့ဆောင်တာနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီရဲ့ အကောက်ခွန်ဌာနနဲ့ ဌာနဆိုင်ရာက နိုင်ထက်စီးနင်း ပြုလုပ်နေပြီး အခွန် မတရား ကောက်ခံတာနဲ့ ပစ္စည်းသိမ်းယူတာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် ဂိမ်းဆိုင်မှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံး

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းနဲ့နီးစပ်တဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

အငြင်းပွားမှုဖြစ်နေတဲ့ နမ့်ဟွယ်ရွာပိုင်မြေကို ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးဘက် ညီနောင်မဟာမိတ်ရုံးက အနိုင်ပေးတဲ့အပေါ် တရားမျှတမှု မရှိတာကြောင့် ရွာခံတွေ ဆန္ဒပြ

ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာပိုင်မြေကို ၁၀၅ မိုင်အုပ်ချုပ်ရေးက ၎င်းပိုင်မြေဆိုပြီး အငြင်းပွားမှု ဖြစ်နေတဲ့ မြေနေရာကို အုပ်ချုပ်ရေးမှူးပိုင်မြေအဖြစ် ညီနောင်မဟာမိတ်ရဲ့ တရားရုံးက အနိုင်ပေးလိုက်တဲ့အပေါ် ရွာခံတွေက မကျေနပ်ဘဲ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မူဆယ် တိုးဂိတ်ကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပြီးနောက် ကားသမားတွေထံ ငွေစတောင်းကြမ်းနေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေထံ ငွေစတောင်းကြမ်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။