The Latest
ဂန့်ဂေါက မြင်းဇာရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရ၊ ကျောင်းဆောင်တချို့ မီးလောင်ပျက်စီး
မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၂ ပါး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
PDF ရဲဘော်တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း တော်လှန်ရေးတပ်တွေ ပြော
တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ကို တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေက အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။
မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦးသေဆုံး
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တစ်ရက်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉) က ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ရွှေဘိုမြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံး၊ရော့ကတ်၊ စစ်သေနတ်တွေနဲ့တိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း ရွှေဘို့မြို့အနောက်ခြမ်းက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ်၊ စစ်သေနတ်တို့နဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တောင်ကြီးမှာရှိတဲ့ အားကစားကွင်းပတ်လည်က ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို အမြန်ဆုံးဖယ်ရှားဖို့ စစ်ကောင်စီက ရာဇသံပေး
ရှမ်းတောင် တောင်ကြီးမြို့က အားကစားကွင်းပတ်လည်မှာ တည်ဆောက်ထားတဲ့ ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို အမြန်ဖယ်ရှားဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရဇသံပေး အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က MNDAA ရုံးတွေမှာ မြန်မာနိုင်ငံတော်အလံ လွှင့်ထူ
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် – AA၊ တအာင်းတပ်-TNLAနဲ့ ကိုးကန့်တပ် – MNDAA တို့ ပူးတွဲထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ MNDAA ရုံးတချို့မှာ မြန်မာနိုင်ငံအလံ လွင့်ထူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။