သဝဏ်လွှာ ပေးပို့တာဟာ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး လူထုနဲ့ TCSN ရဲ့ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း TCSN က ထုတ်ပြန်လာပါတယ်။
ဒေသတွင်း တာဝန်ထမ်းဆောင်နေတဲ့ CDM၊ ကျဆုံးသွားတဲ့ ရဲဘော်၊ လူထုတွေရဲ့မျက်နှာကို ထောက်ထားပြီး တော်လှန်ရေးလမ်းကြောင်းပေါ် မားမားမတ်မတ် ပြန်လည် ရပ်တည်ဖို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်- TCSN က တောင်းဆိုထားပါတယ်။
အလားတူ စစ်ခေါင်းဆောင်က သမ္မတ ဖြစ်လာတဲ့အပေါ် ကြိုဆိုတဲ့အဖွဲ့ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တော်လှန်ရေးဆေးရုံ မိသားစုက ထုတ်ပြန်ထားသလို PSLF/TNLA အနေနဲ့ တော်လှန်ရေးကနေ သွေဖယ်မသွားစေဖို့ မကွေးဒေသတော်လှန်ရေး အင်အားစုများကွန်ရက်ကလည်း တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။