ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဧပြီ ၁၆ ရက်၊ ပေါက်

သင်္ကြန်အတက်နေ့မှာ မကွေးတိုင်း ပေါက်မြို့နယ်က ဝန်လဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားတယ်လို့ လူမှုရေးရာအလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနဆီက သိရပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက် နေ့လယ် ၂ နာရီခွဲမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးနဲ့ လာရောက်ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “‌ဒီနေအတက်နေ့ နေ့လည်တုန်းက ရွာလယ်တည့်တည့်မှာ လာပစ်သွားတာ။ ၂ ယောက်က ပွဲချင်း သေဆုံးသွားတယ်။ ၅ ယောက်က ဒဏ်ရာရတယ်။ သူတို့ရဲ့ နာမည်နဲ့ အသက်တွေတော့ လောလောဆယ် မသိရသေးဘူး။ သူတို့လာပစ်တဲ့အချိန်မှာ ရွာကလူတွေ ရေကစားတာလည်းမရှိဘူး။ ကိုယ်အိမ်မှာ ကိုယ်နေနေကြတယ်” လို့ ပြောကါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုး ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ ၅ ဦးထဲက အမျိုးသား ၁ ဦးနဲ့ အမျိုးသား ၁ ဦးက ‌ဒဏ်ရာဆိုးရိမ်ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်မှုရှိတဲ့အပြင် နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

‌ပေါက်မြို့နယ်ထဲကို စစ်ကောင်စီတက်ဘက်က စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် လေကြောင်းနဲ့အသုံးပြုပြီး မကြာမဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။