The Latest
သီပေါမှာ TNLA ထိန်းချုပ်စဉ်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခံရ
စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တအာင်းတပ်-TNLA ထိန်းချုပ်စဉ်ကာလက အုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ အမျိုးသား ၄ ဦး ထောင်ဒဏ် ၇ နှစ်နဲ့ တစ်သက်တစ်ကျွန်းချမှတ်ခံရတယ်လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့သူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မန်တုံမှာ တအာင်းရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ချိန် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားသူအတွက် နစ်နာကြေး သိန်း ၂၀ ပေး၊ ပစ်ခတ်တဲ့ရဲတပ်ဖွဲ့ကို အပြစ်ပေးအရေးယူဖို့ တောင်းဆိုထား
တအာင်းတပ် ထိန်းချုပ်ထားတဲ့ မန်တုံမြို့နယ် နမ့်ဟိုင်း(မိုင်းဘော်) ကျေးရွာမှာ တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားတဲ့သူအတွက် နစ်နာကြေး သိန်း ၂၀ နဲ့ ဆန်တစ်အိတ်ထောက်ပံ့ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဆီကနေ သိရပါတယ်။
အင်ဂျန်းယန်မြို့နယ်မှာ ၁နှစ်အရွယ် ကလေးငယ်တစ်ဦး ဝက်စာအိုးထဲ ခြေချော်ကျရာကနေ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးဝါးကုသဖို့ ငွေကြေးလိုအပ်နေ
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အင်ဂွမ်းလရွာမှာ ကလေးငယ်တစ်ဦး ဝက်စာအိုးထဲ ခြေချော်ကျသွားရာမှာ ရေနွေးပူ လောင်ရာကနေ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး ဆေးဝါးကုသဖို့ ငွေကြေး အခက်ခဲဖြစ်နေကြောင်း မိသားစုဝင်တွေထံက သိရပါတယ်။
ပနမ့်စန် ကားတာင်တိုအီလေႈဒေင်ကဲအူကြောင် ဇောႈဟာဝ်းဖါ်ႈတေင်ရအာင်း 1 ယံမ်း 9 အီးကတူႈဖေးဘာတ်ဟာဝ်း
ဖုင်အီပျံတ်ငံရ်(လွိုင်လင်) ကုင်ကပိုမ်ဘြာန် ကဲပ္လိူရ်ႈလေႈဒါႈ ကပီုန်ဆျှံမ်ကဒါႇက်ြုမ် ခေဲင်လှံင်နမ့်စန် တေင်ဒေင်လွိုင်လင် ကာည်း နမ့်စန်နီန် ကားတာင်တိုအီလေႈဒေင်ကဲအူကြောင် ဇောႈဟာဝ်းဖါ်ႈ တေင်ရအာင်း တိုအီးလေႈဒေင် ကောန်အီမာည်း 1 အီးယံမ်းဖါ်ႈ 9 အီးကတူႈဖေးဘာတ်ဟာဝ်းအောႏ။
Junta Regains Full Control of Mogok-Mandalay Road
Revolutionary forces have been forced to withdraw from the entire Mogok–Thabeikkyin road section they once controlled, according to the ground sources familiar with the situation and they told Shwe Phee Myay that the junta’s military has now regained full control of the entire route.
နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် (BP) ကို တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားပေမယ့် ၅ သောင်းအထိ ပေးဆောင်နေရ၊ BP ဌာနမှ တစ်ရက်ဝင်ငွေ သိန်းရာနဲ့ချီ ရှိ
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နန်းတော်ပေါက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်လက်မှတ် BP (စာအုပ်အနီ) ထုတ်ပေးရာ ဌာနမှာ တစ်အုပ်လျှင် တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားတဲ့ (BP) စာအုပ်ကို ငွေကျပ် ၅ သောင်းအထိ မူဆယ်ခရိုင် လဝကဝန်ထမ်းတွေက တောင်းယူနေတာကြောင့် ဒေသခံတွေက အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။