၈ ရက်ကြာ ပျောက်ဆုံးနေတဲ့ ကွတ်ခိုင် မန်နောင်ရွာက အမျိုးသားတစ်ဦး ကိုးကန့်တပ်က ဖမ်းဆီးထားကြောင်း သတင်းထွက်

မိုင်းပန်ပျော်၊ ဩဂုတ် ၂၁ ရက်၊ ကွတ်ခိုင် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာက အမျိုးသားတစ်ဦးဟာ…

ပြန်လည် ကြီးထွားလာတဲ့ မန်တုံမြို့နယ်ထဲက မူးယစ်ဆေးဝါး ပြဿနာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ရောင်းဝယ်သူတွေ ပြန်လည် ကြီးထွားလာတာကြောင့် လူထုတွေကြား စိုးရိမ်မှု ပြန်လည်မြှင့်တက်လာပါတယ်။

နမ့်ခမ်း မန်စပ်ရွာမှာ နေအိမ်တစ်အိမ် မီးလောင်၊ သိန်း ၃၀၀ နီးပါး ဆုံးရှုံး

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာမှာ အိမ်ရှင်ဖြစ်သူက ကလေးကို ကျောင်းသွားပို့နေချိန် နေအိမ်တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွာသာယာရွာ ကွင်းလမ်း ဖွင့်ပေးဖို့ ခရီးသွားနဲ့ ယာဉ်မောင်းတွေ ဆန္ဒပြ

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက ရွာသာယာရွာ ကွင်းလမ်း မဖွင့်ပေးတော့တာကြောင့် မနေ့ ဩဂုတ် ၁၉ ရက်က ခရီးသွားနဲ့ ယာဉ်မောင်းတွေ လမ်းဖွင့်ပေးဖို့ ဆန္ဒပြတောင်းဆိုကြကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။

မိုင်ငေါ့က ရွှေတူးဖော်တဲ့ နေရာတစ်ခုမှာ မြေပြိုလို့ အမျိုးသားတစ်ဦး သေဆုံး

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ ဟဲခမ်းကျေးရွာအုပ်စု ခွေးကုန်းကျေးရွာ အောက်ပိုင်းရှိ ရွှေတူးဖော်နေတဲ့ ချောင်းမှာမြေပြိုမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းက အမျိုးသမီးတစ်ဦး မူဆယ်က ပြည့်တန်ဆာရုံတစ်ခုမှာ ရောင်းစားခံရ၊ သူငယ်ချင်းအကူအညီနဲ့ ပြန်လည်လွတ်မြောက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသမီးတစ်ဦးဟာ မူဆယ်မြို့မှာ အလုပ်သွားလုပ်ရာကနေ ပြည့်တန်ဆာရုံတစ်ခုမှာ ရောင်းစားခံခဲ့ရပြီး သူငယ်ချင်းတစ်ဦးရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူရဲစခန်းမှာ ခိုးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတစ်ဦး အချုပ်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်နေ

ရွှေဖီမြေ၊ သြဂုတ် ၂၀ ရက်၊ နမ္မတူ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့…

တအာင်းဒေသ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းသစ် ၅၀ ဦး ခေါ်ယူနေ၊ အခြေခံ လစာ ၃သိန်းနဲ့ နေရာထိုင်ခင်းအစီမံတွေလည်း စီစဉ်ပေးမယ်လို့ ဆို

တအာင်းဒေသရှိ မိဘပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ပြီး တအာင်းဒေသ လူဝင်မှုကြီးကြပ်ရေးဌာနကနေ အပတ်စဉ် ၂ အတွက် ဝန်ထမ်းသစ် အယောက် ၅၀ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဝမ်ဟိုင်းကနေ ရခိုင်ကိုပို့မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ထုတ်ပြန်

ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ဌာနချုပ်ရှိတဲ့ ရှမ်းတောင် ဝမ်ဟိုင်းကနေ ရခိုင်ပြည်နယ်ကို ပို့ဆောင်မယ့် ၃၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ဘက်က မနေ့ သြဂုတ် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပွဲစားအချိတ်အဆက်နဲ့ မူဆယ်မှာ အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားခံရတဲ့ ကွတ်ခိုင်က ကျောင်းသူ ၃ ဦးနဲ့ အဆက်အသွယ်မရတော့တာကြောင့် လူကုန်ကူးခံရမှာကို မိသားစုဝင်တွေ စိုးရိမ်

ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၁၊ ၆ နဲ့ ၇ တွေမှာ နေထိုင်တဲ့ ကျောင်းနေအရွယ် အမျိုးသမီးငယ် ၃ ဦးဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး မူဆယ်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ထွက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။