တရုတ်က ဦးမင်းဇင်ကို မှားယွင်းဖမ်းမိတာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ကို ISP တောင်းဆို
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျူ့ ISP (Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာကို သွားရောက်တဲ့အချိန် တရုတ်အာဏာပိုင်တွေက မှားယွင်းတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ကို ISP – Myanmar က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။