ဓာတ်ပုံ – ဒေသခံ

အလင်း၊ ဇွန်လ ၁၇ ရက်၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တောမြို့က ပိုက်သည်နဲ့ လမ်းမတော်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မကွေး၊ တံတားဦးနဲ့ နေပြည်တော်လေတပ်တို့မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီးနဲ့ ဒီနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ်မှ ၃ နာရီ ၄၀ မိနစ်အထိ ကျောက်တော်မြို့နဲ့ အနီးဝန်းကျင်ရှိ နေရာ ၆ ခုထက်မနည်းကို ဗုံး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလလေကြောင်းတိုက်ခိုက်မှုကြောင့် ပိုက်သည်ရပ်ကွက်က ယာယီစျေးမှာ အလုပ်လုပ်ကိုင်နေသူ ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၇ ဦး နေရာမှာ သေဆုံးခဲ့ပါတယ်။

“လေယာဉ်သံကြားတာနဲ့ လူတွေက ပြေးကြပေမယ့် မလွတ်မြောက်လိုက်ကြဘူး။ စျေးသည်တွေနဲ့ ဝယ်သူတွေ ပြေးစရာလမ်းမရှိအောင် ဗုံးတွေက တဆက်တည်း ကြဲချတာ” လို့ ကျောက်တော်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူများပြားတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

“ရပ်ကွက်ထဲက လူနေအိမ်တွေ အကုန်ပျက်စီးသွားတယ်။ အခုအချိန်ထိ မီးခိုးတွေ မငြိမ်းသေးဘူး။ လူတွေရဲ့ အလောင်းတွေကလည်း စျေးထဲမှာပဲ ပျံ့ကျဲနေတယ်။ ကယ်ဆယ်ရေး မလုပ်နိုင်ကြသေးဘူး ” အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်လျက်ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။