အမ်းမြို့နယ် ဒါးလက်ချောင်းမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

လားရှိုး-နမ္မတူလမ်းကို ကိုးကန့်တပ်ဘက်က ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ထားတာကြောင့် ကုန်ကားအများစု ပိတ်မိနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကုန်စည်တွေ မရောက်အောင် ရှမ်းမြောက် လားရှိုး-နမ္မတူလမ်းကို ကိုးကန့်တပ်က သယ်ယူခွင့် ပိတ်ထားတာကြောင့် ကုန်ကားအများစု ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းမြောက် မိုးမိတ်မြို့ကို ပြန်ရခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မိုးမိတ်-သပိတ်ကျင်း တွင်းငယ်ရွာလမ်းပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မှာ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ညောင်လေးပင်မြို့နယ်က လူထု ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ပြော

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ လူထု ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

တကောင်းမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်လိုက်ပြီ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲလို့ ဒေသခံ ၂ ဦး သေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယောအလင်းတန်း ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ SSPP တိုက်ပွဲဖြစ်

ရှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးနဲ့ ကွမ်ဟင်ရွာအနီး စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ SSPP ဘက်က ထုတ်ပြန်လာပါတယ်။

လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံး ထပ်ကြဲလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထိုးစစ် တကောင်းမြို့နဲ့ ၂ မိုင်ခန့်အကွာ ရောက်ရှိလာ၊ မြို့လက်မလွှတ်ရရေး တော်လှန်ရေးတပ်တွေဘက်က အပြင်းအထန် ခုခံနေ

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့နဲ့ နှစ်မိုင်ခန့်အကွာ ရောက်ရှိလာတယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။