The Latest
UWSA နဲ့ NDAA တပ်တွေကို စစ်တပ်က ကိုယ်စားလှယ်တွေ လာရောက်တွေ့ဆုံ၊ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး NDAA ဆွေးနွေးခဲ့
တရုတ်-မြန်မာနယ်စပ်အခြေစိုက် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မိုင်းလားတပ် (NDAA) တို့ကို စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံခဲ့တယ်လို့ နှစ်ဖက်တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဖလမ်းမှာ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားက အဓမ္မပြုကျင့်ဖို့ ကြိုးပမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Baila ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အတွက် “ဝ” က အထူးစစ်ဆေးရေး စစ်ဆင်ရေးဆင်နွဲနေတယ်လို့ ဆို
လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ “ဝ” ရဲတပ်ဖွဲ့ဝင်တွေနဲ့ “ဝ” တပ် – UWSA တို့ ပူးပေါင်းပြီး အင်အားအများအပြားအသုံးပြုကာ “ဝ” ပြည်တစ်ဝန်းလုံးမှာ စစ်ဆေးရေးဂိတ်ကြီးတွေချ စစ်ဆေးတာ၊ အရေးကြီးတဲ့နေရာတွေကို ရှင်းလင်းစစ်ဆေးတဲ့ စစ်ဆင်ရေးကို ဖော်ဆောင်နေတယ်လို့ WSP က ထုတ်ပြန်ခဲ့ပါတယ်။
မိုင်းငေါ့မှာ အဖွဲ့ပေါင်းစုံရဲ့ ရွှေတူးဖော်မှုတွေကြောင့် ဆည်ထဲ အနယ်တွေ များပြီး လျှပ်စစ်ဓာတ်အား လျော့ကျလာ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP၊ တအာင်းတပ် – TNLA၊ ကိုးကန့်တပ် – MNDAA တို့က တရုတ်လုပ်ငန်းရှင်တွေနဲ့အတူ ရွှေတူးဖော်မှုတွေကြောင့် ဆည်ထဲ အနယ်ပြည့်လာပြီး လျှပ်စစ်ဓာတ်အား လျော့ကျလာတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
SSPP နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး တိုက်ပွဲ မဖြစ်ပွားဖို့အပါအဝင် အချက် ၇ ချက် SSPP တောင်းဆို
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တိုက်ပွဲ မဖြစ်ပွားဖို့အပါအဝင် အချက် ၇ ချက်ကို ဆွေးနွေးခဲ့ကြောင်း SSPP က ထုတ်ပြန်ပါတယ်။
တရုတ်က ဦးမင်းဇင်ကို မှားယွင်းဖမ်းမိတာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ကို ISP တောင်းဆို
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအင်စတီကျူ့ ISP (Myanmar) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာကို သွားရောက်တဲ့အချိန် တရုတ်အာဏာပိုင်တွေက မှားယွင်းတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြန်လွှတ်ပေးဖို့ကို ISP – Myanmar က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကျောက်တော်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦး သေဆုံး၊ ထိခိုက်သူများပြီး သေဆုံးမှု ထပ်တိုးနိုင်
ရခိုင်ပြည်နယ်၊ ကျောက်တောမြို့က ပိုက်သည်နဲ့ လမ်းမတော်ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
တန့်ယန်း၊ မိုင်းယော်နဲ့ ကွတ်ခိုင်မြို့နယ်မှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမ ၅၀ ဦးကို TEI ခေါ်ယူနေ
ဝေးလံခေါင်သီတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ် မိုင်းယော်ဒေသနဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသရှိ ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်မယ့် ကျောင်းဆရာ၊ ဆရာမ ၅၀ ဦးကို တအာင်းပညာရေးအင်စတီကျု (TEI) က ခေါ်ယူနေပါတယ်။