ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၁၆၊ ကံပိုင်တည်

ကချင်ပြည်နယ်၊ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြစ်ကြီးနား – ကံပိုင်တည် လမ်းမှာ မိုးအဆက်မပြတ် ရွာသွန်းလို့ ဇူလိုင်လ ၁၅ ရက်နေ့က မြေတွေပြိုလို့ လမ်းတွေ ထပ်ပိတ်သွားကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

“အရင်ရက် ပြိုတဲ့ နားကတော့ လမ်းပွင့်သွားပြီ။ မနေ့ ဇူလိုင်လ ၁၅ ရက် မနက်က ထပ်ပြိုတာ။ ရေတံခွန်နားမှာ။ ကားလဲထားတာတွေလည်းရှိတယ်။ မြေတခြမ်းပိသွားတဲ့ ကားတွေလည်း ရှိတယ်” လို့ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

ကုန်သွယ်ရာ လမ်းမတလျှောက် နေရာ ၁၀ ခု ထက်မနည်း တောင်တွေ ထပ်ပြိုထားပြီး တချို့ နေရာတွေမှာတော့ ဆိုင်ကယ်တွေတောင် သွားလို့မရတော့လောက်အောင် ဖြစ်သွားရတယ်လို့ သူက ပြောပါတယ်။

“မနက်အစောပိုင်း ကားပေါ် အိပ်နေတုန်း ပြိုလာတာ။ ကံကောင်းလို့ လူတွေ ဘာမှ မဖြစ်တာ။ ကားတောင်လွင့်တယ်” လို့ နောက်ထပ် ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

မြေပြိုထားတဲ့ နေရာတွေမှာ ကားသေးရော ကုန်ကားတွေပါ ပိတ်မိနေတာရှိပြီး ရေတံခွန်နားမှာတော့ ကုန်ကား ၂ စီး တခြမ်း မြေပိထားတာရှိသလို အိမ်ဆိုင်တစ်ဆိုင်လည်း အနည်းငယ် ထိထားတယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနား – ဆဒုံး – ကံပိုင်တည်လမ်းမကြီးပေါ် အင်ဝမ်းကောင်၊ ဆနာ၊ ဒိန်ဂီ စတဲ့ နေရာ ၁၀ နေရာကျော်မှာ ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းက မြေပြို လမ်းပိတ်သွားတာကြောင့် ခရီးသွားတွေ ယာယီ ရပ်နားထားရကြောင်း လိုင်ဇာ FM ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ တောင်ပြိုထားတဲ့ နေရာတွေမှာ ရှင်းလင်းပြုပြင်နေကြောင်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။