ဓာတ်ပုံ – အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်

ပို့လဘား၊ ဇူလိုင် ၁၅ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် ကန်နက်ကျေးရွာက အသက် ၅၀ နှစ်ကျော်အရွယ်နဲ့ အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသားနှစ်ဦး၊ ကိုင်း‌တောမကျေးရွာက အသက် ၅၆ နှစ်ရှိတဲ့အမျိုးသားတစ်ဦးနဲ့ မြင်းကိုးသစ်ရွာက အသက် ၆၇ နှစ်အရှယ်ရှိတဲ့အမျိုးသားတစ်ဦး စုစုပေါင်း အမျိုးသား ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

“ကန်နက်ရွာ အမျိုးသားနှစ်ဦးက ရွာရဲ့ အပြင်ဘက် တောထဲမှာ စစ်ရှောင်နေရင်းနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ မြင်းကိုးသစ်ရွာက တစ်ယောက်ကျတော့ သူ့တဲကို နွားစာပြန်ကျွေးတဲ့အချိန်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်တွေနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ ကိုင်းတောမရွာက အမျိုးသားကျတော့ စစ်‌ရှောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ သူတို့ရဲ့အလောင်းတွေကို မြေမြှုပ်ပြီး ဖျောက်ဖျက်ထားခဲ့ပါတယ်”

ဒါ့အပြင် ဒီနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က မြိုင်မြို့နယ် ညောင်းကုန်းကျေးရွာ၊ ကိုင်းတောမကျေးရွာ၊ ထန်ငယ်တောကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာလည်း ရှိပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင် ‌ကျေးရွာ ၁၆ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်က မြိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာပြီး သာစည်ရွာက အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာက အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာက စိတ်ကျန်းမာရေးချို့ယွင်းသူ အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာက အသက် ၃၂ နှစ်အရွယ် ကိုနေဇော်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။