ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ မတ်လ ၂၀ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၀ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မိုင်းယု ၁၀၅ မိုင် နယ်မြေ(၁)က အောင်သိရီမင်္ဂလာသုခကျောင်း မုဒ်ဦးပေါက်အနီးမှာ ကုန်တင်ကား ၆ ဘီးနဲ့ အမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“၂ ယောက် ဒဏ်ရာ ရတာ။ နောက်စေ့ကွဲတဲ့တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ နောက်တစ်ယောက်ကတော့ ခြေထောက် ၂ ဖက် ပေါင်တွေ ပေါက်ပြဲပြီး မစိုးရိမ်ရဘူး။ ၂ ယောက်စလုံးက ၁၀၅ မိုင်ကပဲ။ ကားသမားတွေကို လောလောဆယ်တော့ ခေါ်မေးနေတာပေါ့”

ဒဏ်ရာရသူ ၂ ဦးဟာ အသက် ၆၀ နှစ်အရွယ် အမျိုးသမီးနဲ့ ၄၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။

ဒဏ်ရာ ရရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးကိုတော့ ပါရမီ လူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ပေးပြီး မူဆယ်မြို့ ရွှေမူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ယာဉ်တိုက်မှု မဖြစ်ပွားအောင် ကား၊ ဆိုင်ကယ် မောင်းသူတွေအနေနဲ့ ဂရုတစိုက် မောင်းပေးကြဖို့ကိုလည်း အထက်ပါ အမျိုးသားက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့အမျိုးသား ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးလို့ ၁ ဦးသေ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာ ကားအရောင်းအဝယ်လုပ်တဲ့ ညီအစ်ကို ၂ ဦးကို ကားဝယ်သူက ဓားနဲ့ထိုးသွားလို့ ညီလေးဖြစ်သူသေဆုံးပြီး အစ်ကိုဖြစ်သူက ဒဏ်ရာရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မုံးကိုးမှာ TNLA ထံ တာဝန်ထမ်းဆော​င်သူတွေရဲ့ စာရင်းကို ကိုးကန့်တပ် တောင်းခံနေ၊ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေလည်း ရှိနေ

ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။