ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ရွှေဖီမြေ၊ မတ်လ ၂၀ ရက်၊ ကျွန်းလှ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီမှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဖိုက်တာ တက်တာလဲ မကြားရဘူး။ ဖောင်‌ မောင်းတဲ့အချိန်ဆိုတော့ လေယာဉ်သံတွေ ဗုံးကွဲသံတွေ အော်သံတွေနဲ့ မီးတွေကလောင် ကမ္ဘာပျက်တဲ့အတိုင်းဘဲ။ မကြောက်လို့ မောင်းနေကြတာ မဟုတ်ဘူး။ မိသားစု စားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အသက်စွန့် လုပ်ကြရတာ။ ဘယ်နေရာနေနေ စားဝတ်နေရေးအတွက် ရုန်းကန်ရတာဘဲ။ မြို့ပေါ်ကျ ပေါ်တာ ဆွဲတယ် မနေရဲဘူး။ ရွှေတော ဆင်း နေ့စား လိုက်ရတဲ့လူငယ်တွေချည်းဘဲ။ အခု အသက်ဆုံးတာလဲ လူငယ်တွေချည်းဘဲ” လို့ ထုတ်ပြန်ချက်ထဲ ဖြစ်စဉ်မြင်တွေ့ခဲ့သူ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

စစ်တပ်ဟာ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေဖောင် လုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို တော်လှန်ရေးတပ်ဖွဲ့အတွက် ထောက်ပံ့တယ်ဆိုတဲ့ခေါင်းစဉ် တပ်ပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ‌ ဆက်လက် ဖော်ပြထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရွှေဖောင် လုပ်ကိုင်နေတဲ့ ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဖောင် ၁၃ ခုလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မတ်လ ၁၈ ရက် မနက် ၉ နာရီခွဲ‌ကနေ ညနေ ၆ နာရီကျော်အထိ ကျွန်းလှမြို့နယ် အနောက်ဘက်ခြမ်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။