KNU ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ ဆောထိမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

နမ့်ဖတ်ကာရှိ TNLA တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်၊ နမ့်ဖတ်ကာ-နမ့်ခမ်းကြားရှိ TNLA တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်နေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းအားလုံးကို ကိုးကန့်တပ် စီးနင်းတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။

နမ့်ဖတ်ကာ-နမ့်ခမ်းကြား ၁၂ မိုင်ရှိ တအာင်းတပ်ဂိတ်ကို ကိုးကန့်တပ် ဒရုန်းဗုံး ရာနဲ့ချီ ကြဲချပြီး ထိုးစစ်ဆင်နေ

တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာအစပ် ၁၂ မိုင်ကျေးရွာမှာရှိတဲ့ တအာင်းတပ်- TNLA ရဲ့ ဂိတ်စခန်းကို ကိုးကန့်တပ်- MNDAA က ဒရုန်းဗုံးတွေနဲ့ လာရောက်ကြဲချတိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာရွာထဲမှာ ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ နမ့်ဖတ်ကာက ဒေသခံတစ်ဦး ဒဏ်ရာရ

ကချင်တပ်မတော်-KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာကျေးရွာမှာ ကိုးကန့်တပ်မတော် MNDAA က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ညောင်လေးပင်မြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံး

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၆ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။

ဖလမ်းမှာ စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကလေးအပါအဝင် ၂ ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးနဲ့မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် မနေ့ မတ်လ ၁၁ ရက်နေ့အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမ်းမြို့နယ် ဒါးလက်ချောင်းမှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာရှိတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲလို့ ဒေသခံ ၂ ဦး သေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယောအလင်းတန်း ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

လယ်မူလားမြို့နယ်မှာ စစ်ကောင်စီတပ် ဗုံး ထပ်ကြဲလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်ထားတဲ့ တနင်္သာရီတိုင်း မြိတ်ထားဝယ်ခရိုင် လယ်မူလားမြို့နယ် တကူရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒွယ်လိုးမြို့နယ်ထဲ ‌လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ‌ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။