တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့ရပြီး ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁ သိန်း ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံရ

မြန်မာနိုင်ငံတဝှမ်း စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က မနေ့ ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖားကန့်မှာ စစ်ကောင်စီအတွက် အရေးပါတဲ့ ကာကင်းစခန်း ၃ ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ကင်းစခန်း ၃ ခုကို ကချင်တပ်မတော် – KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြေသိမ်းယူမှုကို ကန့်ကွက်တဲ့ ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွား

ရှမ်းတောင် ဟိုပုံးမြို့နယ်မှာ မြေသိမ်းယူမှုကို ကန့်ကွက်ခဲ့တဲ့ ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်က ညအချိန်မှာ နေအိမ်ထဲအထိ ဝင်ရောက်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက မနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေအပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲလို့ ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံး

အာရက္ခာတပ်တော် – AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဘုရားသုံးဆူမြို့နယ်မှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မြို့နယ် ကံနက်ရွာကို စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာပြီး ဒေသခံ ၃ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွား

မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာပြီး အရပ်သား ၃ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံး

ချင်းပြည်နယ် မတူပီခရိုင် ပလက်ဝမြို့နယ် ကြောင်ချောင်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့မှာ လူငယ် ၃ ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဒေသခံလူငယ် ၃ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးပြီး ရိုက်နှက် သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။