ရွှေဖီမြေ၊ မေလ ၈ ရက်

ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီး ၄၄ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ(BWU)က ဒီနေ့ မေလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်​တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ဦး၊ မတရားသတ်ဖြတ်ခံရသူ ၄ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ ဦးနဲ့ ကျဥ်ထိမှန်မှုကြောင့် ၂ ဦး စုစုပေါင်း ၄၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီ သေဆုံးသူ ၄၄ ဦးထဲမှာ ​မန္တလေးတိုင်းက ၁၁ ဦး၊ စစ်ကိုင်းတိုင်း ၈ ဦး၊ ကရင်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်း ၄ ဦး၊ ရခိုင်ပြည်နယ် ၄ ဦး၊ ကချင်ပြည်နယ် ၃ ​ဦး၊ ချင်းပြည်နယ် ၃ ဦး၊ မကွေးတိုင်း ၂ ဦး၊ ကရင်ပြည်နယ် ၂ ဦးနဲ့ တနင်္သာရီတိုင်းက ၁ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၁ ဦး စုစုပေါင်း ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ တစ်လအတွင်းမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တိုက်ခိုက်မှု့တွေကြောင့် နိုင်ငံတဝှမ်းက အမျိုးသမီး ၈၈ ဦးသေဆုံးခဲ့ပြီး ၅၄ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU က ပြီးခဲ့တဲ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲ ပြုလုပ်ပြီးနောက် အစိုးရတရပ် ပုံစံပုံဖော်နေပေမဲ့ လက်တွေ့မှာ နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်တာ၊ ပြည်သူတွေကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်တာ၊ ညှင်းပန်း နှိပ်စက်တာတွေ လုပ်နေတယ်လို့ BWU က ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။