ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ထုတ်ပြန်လာပါတယ်။

ဆီဆိုင်မြို့နယ်က အမျိုးသားတစ်ဦး ဆက်ကြေး မပေးလို့ဆိုပြီး PNO က လက်တစ်ဖက် ဖြတ်ရတဲ့အထိ ရိုက်နှက်နှိပ်စက်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် ပင်ညိုးရွာခံ အမျိုးသားတစ်ဦး ဆက်ကြေး မပေးလို့ဆိုပြီး စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တာကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြင်ဦးလွင်မှာ ကုန်တင်ယာဉ်တစ်စီးကို ငွေသိန်း ၁၀၀ အထိ စစ်‌ကောင်စီက တောင်းနေ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ရှမ်းမြောက်ကနေလာတဲ့ ကုန်တင်ယာဉ်တွေဟာ တရုတ်ကုန် တင်ဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျပ်သိန်း ၁၀၀ အထိ စစ်ကောင်စီနဲ့ ဌာနဆိုင်ရာတွေက တောင်းခံနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ ကားဝယ်မယ်ဆိုပြီး မောင်းပြေးသွား၊ ခိုးယူခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ပေါ်မှာ ကားဝယ်မယ်ဆိုပြီး ကားမောင်းပြေးသွားတာ ဆက်ရှိနေသလို ခိုးယူခံရမှုတွေလည်း ဆက်လက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ခင်ဦးမှာ လေကြောင်း တိုက်ခိုက်ခံရပြီး အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ဖောက်ထွင်းတာတာအပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ မူဆယ်က အမျိုးသား ၁ ဦး အလောင်းသာ ပြန်တွေ့

ရှမ်းမြောက် မူဆယ်မြို့မှာ ပျောက်ဆုံးနေတဲ့ အမျိုးသား ၁ ဦးဟာ ၄ ရက်အကြာမှာတော့ အလောင်းသာ တွေ့ရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိထားသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းကနေ စစ်ကောင်စီတပ် ဗုံးကြဲ၊ နေအိမ် ၅ လုံး ပျက်စီး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မြို့နယ်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခံရပြီး သံဃာတော်အပါအဝင် ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် သံဃာတော် ၁ ပါးအပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့ ဝင်းထရံလုပ်ကွက်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၅၀ ကျော် စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဝင်းထရံလုပ်ကွက်မှာ လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီး‌ခေါ်ဆောင်သွားကြောင်း ‌ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။