ပန်ဆိုင်း(ကြူကုတ်)မှာ အလုပ်သွားလုပ်တဲ့ သိန္နီမြို့က လူငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး သိန်း ၄၅၀ နဲ့ ပြန်ရွေးခိုင်း၊ မိသားစုက ရှိသမျှပစ္စည်း ထုခွဲပြီး သိန်း ၁၇၀ လွှဲပေးခဲ့ပေမဲ့ အဆက်အသွယ် ပြတ်တောက်သွား

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း(ကြူကုတ်)မှာ အလုပ်သွားလုပ်နေတဲ့ သိန္နီမြို့နယ်က လူငယ်တစ်ဦးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး သိန်း ၄၅၀ ပေးမှ ပြန်လွှတ်ပေးမယ်လို့ မိသားစုဝင်ဆီ ပြောဆိုခဲ့တယ်လို့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာ TNLA ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေး

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ တအာင်းတပ်- TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မလှိုင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံး

မန္တလေးတိုင်း မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကောလင်းမှာ လေကြောင်းဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၅ ‌ဦး သေဆုံး

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ၅ ‌ဦး သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ စစ်မှုထမ်း အကြောင်းပြပြီး နယ်မြေမှူးက လူထုတွေထံ ငွေကြေး ကောက်ခံနေ

စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၈)မှ နယ်မြေမှူးက စစ်မှုထမ်း အကြောင်းပြပြီး လူထုတွေထံ ငွေကြေး ကောက်ခံနေတယ်လို့ ကိုယ်တိုင်ပေးခဲ့တဲ့သူတွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ကသာမြို့ပေါ် ပိတ်မိနေတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့် မပေးဘဲ လေယာဉ်နဲ့ ဗုံးပတ်ကြဲ

စစ်ကိုင်းတိုင်း ကသာမြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့် မပေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြောင်မှာ စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲလို့ အရပ်သား ၅ ဦး သေဆုံးပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူလည်း ရှိတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရာတော်မြို့နယ်‌ တောင်ပိုင်းတစ်နေရာကို လေကြောင်းနဲ့ ဗုံးကြဲခံရ၊ ကလေးတစ်ဦးနဲ့ မိခင်အပါအဝင် ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်ပိုင်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ မိခင်အပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံး

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ထားပါတယ်။

မြောင်မြို့နယ် နဘက်စံပြရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ဦး ထိမှန်ပြီး ရက်သားအရွယ်ကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်စံပြရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ဦး ထိမှန်ခဲ့ပြီး ရက်သားကလေး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်- TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။