ဓာတ်ပုံ – Local

ဝတ်ရည်၊ ဧပြီ ၂၂ ရက်၊ ဖားကန့်

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ဖားကန့်မြို့မှာ ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၁ ရက် ည ၁၀ နာရီခွဲမှာ ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ရပ်ကွက် ၅ မှာ ဖွင့်လှစ်ထားတဲ့ မိုင် ပုဂ္ဂလိကဆေးရုံက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်က ဝင်စီးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဆရာဝန်နဲ့ ဆရာမတွေဆိုရင် ၂၀ ယောက်လောက်တော့ ရှိတယ်လေ။ ညဆိုရင် ဒေသခံနေအိမ်တွေမှာလည်း ဝင်စီးတယ်။ လူတွေ့ရင် ဖမ်းတာမျိုးတွေ လုပ်တယ်”လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီဆေးခန်းဟာ ဖားကန့်က ဒေသခံလူထုတွေအတွက် အရေးပါတဲ့ ဆေးခန်းဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပြန်လွှတ်ပေးဖို့လည်း ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကစပြီး တိုက်ပွဲတွေ တဖန်ပြန်လည်ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဖားကန့်မြို့နယ်ပေါ်မှာ လက်ရှိအချိန်အထိ ကျန်ရှိနေသေးတဲ့ ဒေသခံလူထုတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က စစ်အင်အားတွေဖြည့်တင်းထားတဲ့ ဖားကန့်- ကားလမ်းပိုင်းကြီးကို ဒီနေ့ ဧပြီ ၂၂ ရက်မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း KIA နဲ့ ပူးပေါင်းတပ်တွေက မနေ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။