Browsing Category
လမ်းပန်းဆက်သွယ်ရေး
62 posts
နမ့်ခမ်းမှာ လမ်း တံတား ပြုပြင်ရေးအတွက် ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော် အသုံးပြုခဲ့တယ်လို့ TNLA ထုတ်ပြန်
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့မှာ လမ်း တံတား ပြုပြင်ရေးအတွက် ကျပ်ငွေ သိန်းတစ်သောင်းခွဲကျော် အသုံးပြုခဲ့တယ်လို့ တအာင်းတပ်က ဒီနေ့ ဧပြီ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မိုးမိတ်-တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ပြန်ရပြီးနောက် မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းကို စစ်ရေး ဦးတည်လာနေ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို စစ်ရေး ဦးတည်လာတယ်လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ KIA၊ SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားထား
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ကချင်တပ်မတော်- KIA ရဲ့ စစ်ဆေးရေးဂိတ်အပါအဝင် နမ့်ဖတ်ကာနဲ့ မူဆယ် (၁၀၅) မိုင်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလိုက်ပြီလို့ ကားသမားတွေဆီက သိရပါတယ်။
မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ KIA ဂိတ်တွေကို ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားပေးဖို့ MNDAA ဘက်က ပြောဆိုထား
ရှမ်းမြောက် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ရဲ့ လက်ထဲကနေ သိမ်းယူပြီးနောက် မူဆယ်-လားရှိုး လမ်းမပေါ်က ကချင်တပ်မတော်- KIA ရဲ့ ဂိတ်တွေကို ဂိတ်များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းကစ ဖယ်ရှားပေးဖို့ MNDAA ဘက်က တရားဝင် လာပြောထားကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အစိုးရသစ်လက်ထက် ပြည်ထောင်စုလမ်းမကြီး ပွင့်ဖို့အတွက် တရုတ်က ကိုးကန့်ကို လမ်းရှင်းလင်းခိုင်းထားခြင်းဖြစ်ပြီး လမ်းမပေါ်ရှိ KIAအပါအဝင် အခြားလက်နက်ကိုင်လည်း လမ်းမပေါ်ကနေ ဖယ်ပေးရမှာဖြစ်တယ်လို့ ဆို
လက်ရှိ ကိုးကန့်တပ်-MNDAAတပ်က တအာင်းတပ်-TNLAကို အကြီးအကျယ်ထိုးစစ်ဆင်ရခြင်းဟာ လက်ရှိ စစ်ကောင်စီဦးဆောင်နေတဲ့ စစ်အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုလမ်းမကြီးပွင့်ဖို့အတွက် တရုတ်အစိုးရက ကိုးကန့်တပ်ကို အသုံးချနေခြင်းဖြစ်တယ်လို့ ဒီအရေးကိုလေ့လာသုံးသပ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ဖက်ကာ- နမ့်ခမ်းကြား ၁၂မိုင်ရွာအနီးမှာ ကိုးကန့်တပ်က ဒရုန်းဗုံးရာချီ အသုံးပြုပြီး ဆက်လက်တိုက်ခိုက်နေ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာမြို့အစပ် ၁၂ မိုင်ကျေးရွာအနီးကို ကိုးကန့်တပ်- MNDAAက ဒရုန်းဗုံးသီးအများအပြားနဲ့ ဆက်တိုက်ရောက်ကြဲချတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။