နောင်ချိုမှာ ခြံရှင်းရင်း နောက်ထပ်အမျိုးသားတစ်ဦး မိုင်းနင်းမိ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ အမျိုးသားတစ်ဦးက မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွှေကျင်က ဒေသခံ ၁ ဦး သေဆုံးပြီး မြေမြှုပ်မိုင်းကြောင့် ၁ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး- KNU ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ညောင်လေးပင်ခရိုင် ဆောထိ (ရွှေကျင်)မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး မြေမြှုပ်မိုင်းကြောင့် ၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

နောင်ချို အုမ္မသီးရွာခံ အမျိုးသားတစ်ဦး မိုင်း ခုတ်မိရာကနေ ပေါက်ကွဲလို့ ခြေထောက်တစ်ဖက် ပြတ်

‎ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးရွာက အမျိုးသားတစ်ဦးဟာ မြေမြှုပ်မိုင်းတစ်လုံး ခုတ်မိရာ ပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်း ‌ပေါက်မိရာကနေ ပေါက်ကွဲလို့ နောင်ချိုက ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ မိုင်းကို ပေါက်မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

စစ်ကြွင်းကျန်လက်နက် ကောက်ယူဖြုတ်ကြည့်ရာကနေ ပေါက်ကွဲပြီး ကျောက်မဲက အမျိုးသားတစ်ဦး သေဆုံး

ရှမ်းမြောက် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာက အမျိုးသားတစ်ဦးဟာ စစ်ကြွင်းကျန် (RPG) လက်နက်အမျိုးအစားတစ်လုံးကို ကောက်ယူ ဖြုတ်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ ရှရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ဒီနေ့ မေလ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖားကန့်မှာ မိုင်းပေါက်ကွဲလို့ ကလေး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က လုံးခင်းကျေးရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်က ခိုတင်ကျေးရွာမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား၂ ဦး သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

နောင်ချိုမှာ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်ခဲ့ရတယ်လို့ ဒိီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ အမျိုးသား ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန်ရ

ရှမ်းမြောက် လားရှိုးမြို့နယ်မှာ အမျိုးသား ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆီဆိုင်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ် အနောက်တောင်ဘက်ခြမ်းက ရွှေတဂူဒေသမှာ အမျိုးသမီးတစ်ဦးက မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။