ဓာတ်ပုံ- သန္တိသုခ လူမှုကူညီရေးအသင်း

ပပ၊ မေလ ၁၉ ရက်၊ နောင်ချို

‎ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးရွာက အမျိုးသားတစ်ဦးဟာ မြေမြှုပ်မိုင်းတစ်လုံး ခုတ်မိရာ ပေါက်ကွဲပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အုမ္မသီးရွာမှာ နေထိုင်တဲ့ အသက် ၃၄ နှစ်အရွယ် စိုင်းလောင်လျန်းဟာ ခြံရှင်းရင်း မိုင်းခုတ်မိခဲ့တာပဲ ဖြစ်ပါတယ်။

‎ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားက “သူက ခြံရှင်းရင်း ဓားကောက်နဲ့ အဲမိုင်းကို ခုတ်မိလို့ ပေါက်သွားတာ။ မျက်နှာမှာရော ဒဏ်ရာ ရတယ်။ ခြေထောက်က ပိုပြင်းတာပေါ့” လို့ ပြောပါတယ်။

‎လက်ရှိမှာတော့ ၎င်းအမျိုးသားဟာ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေပြီး ဆေးကုသဖို့ အကူအညီ လိုအပ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၁၂ ရက်ကလည်း နောင်ချိုမြို့ ပါဟတ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ထက်ကိုအောင်ဆိုသူဟာ နေအိမ်မှာ ထင်းခွဲရင်း မိုင်း ထိမိပြီး ပေါက်ကွဲခဲ့ရာ လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

‎အလားတူ မတ်လ ၂၉ ရက်ကလည်း နောင်ချိုမြို့နယ် ညောင်တောကျေးရွာအုပ်စု ယာပြင်ရွာခံ ၂ ဦး ခြံအတွင်း သန့်ရှင်းရေးလုပ်ရင်း မိုင်းပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာ ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ ကလေးငယ် ၄ ဦး ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲလို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ ကလေးငယ် ၄ ဦးက ဆော့ကစားနေစဥ် မိုင်းပေါက်ကွဲပြီး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဖားကန့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပ 105 မဲင်နီန် မဴင်ပ်ုန်ငျားကဲဒေကိုႈနီန် ပဲန်ဖါ်ႈပဒူႈ ကောန်အီမာည်းအူအီး ကာည်း ကောန်အီပ်ုန်အူအီး ကတူႈဖေးဘာတ်ဟာဝ်း

တိုအီးအရာပ်ကောန်အီမာည်းအူအီး က္လာင်းဒါႈ ဒီဘိူန်းဘဝ်ကီုက်ဒါင်း 3 ဖုင်ကဲတထိင်ခြဲ ပကပီုန်ဆျှံမ်ကဒါႇပိူည် လှံင်မူစယ် ပ 105 မဲင်နီန် ဂေါႇမိုႈကဲငျားဒေကိုႈဟာဝ်းမဴင်နီန်ဒါဘိုတ် စီပဲန်ဖါ်ႈပဒူႈ ကောန်အီမာည်းအူအီး ကာည်း ကောန်အီပ်ုန်အူအီး ကတူႈဖေးဘာတ်ဟာဝ်းအောႏ။

ဆီဆိုင်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ် အနောက်တောင်ဘက်ခြမ်းက ရွှေတဂူဒေသမှာ အမျိုးသမီးတစ်ဦးက မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။