ရွှေဖီမြေ၊ ဧပြီ ၇ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ် အနောက်တောင်ဘက်ခြမ်းက ရွှေတဂူဒေသမှာ အမျိုးသမီးတစ်ဦးက မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဆိုပါ အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်က နေ့လယ် ၂ နာရီဝန်းကျင်မှာ ရွှေတဂူဘုရားဖက် တဘတ်ချောင်းဘေးမှာ ဟင်းရွက်တွေရှာရင်းနဲ့ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “အဲအမျိုးသမီးက တဘတ်ချောင်းဘေးမှာ ဟင်းလိုက်ရှာနေတာ။ စရစ်ရိုးတို့ ဟင်းသီးဟင်းရွက် လိုက်ခူးရင်းနဲ့ မိုင်းနင်းမိတာ။ နင်းမိတဲ့နေရာမှာတင် ခြေထောက်တစ်ဖက်က ပြတ်ထွက်သွားတယ်။ ကျန်တဲ့တစ်ဖက်က မိုင်းစကြောင့် ဒဏ်ရာရသွားတယ်။ သူရဲ့လက်တွေ ကိုယ်လုံးတွေလည်း ဒဏ်ရာတွေဘဲ” လို့ ပြောပါတယ်။
မိုင်းနင်းမိသူ အမျိုးသမီးဟာ အသက် ၄ဝ ကျော်အရွယ်ရှိသူဖြစ်ပြီး လက်ရှိမှာတော့ တောင်ကြီးမြို့က စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
အဲဒီအမျိုးသမီးမိုင်းနင်းမိတဲ့ ရွှေတဂူဒေမှာ စစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ ပအိုဝ်းပြည်သူစစ် PNO တွေ သွားလာနေထိုင်တဲ့ နေရာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။