လဲချားနဲ့ကျိုင်းတောင်းမှာ ကျားဖြန်လုပ်ကိုင်သူ ၃၆ ဦး ဖမ်းဆီးရမိ

ရှမ်းတောင် လဲချားမြို့နယ်နဲ့ ကျိုင်းတောင်းမြို့အနီးမှာ ကျားဖြန့်လုပ်ကိုင်သူ ၃၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

မိုင်းပန်မှာ ကျားဖြန့်လုပ်ကိုင်သူ ၅၆ ဦး ဖမ်းဆီးရမိ

ရှမ်းတောင် မိုင်းပန်မြို့နယ်မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကွန်ဟိန်းမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦး ဖမ်းဆီးရမိ

ရှမ်းတောင် ကွန်ဟိန်းမြို့နယ် ကာလိမြို့ ဝမ်မိုင်ကျေးရွာအနီးမှာ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်သူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်ကြသူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်‌ကောင်စီက ထုတ်ပြန်ထားပါတယ်။

တာချီလိတ်မြို့နယ်ထဲ ကျားဖြန်လုပ်ကိုင်သူ ၅၂ ဦးကို စစ်ကောင်စီ ဖမ်းဆီးရမိ

ရှမ်းအရှေ့ တာချီလိတ်မြို့နယ်ထဲက ကျားဖြန်ရုံ ၂ ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကျားဖျန့်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး UWSAက တရားရေးကော်မတီက ထိပ်တန်းခေါင်းဆောင် ၂ ဦးကို ရာထူးဖယ်ရှားပြီး ထောင်ဒဏ်ပေး

“ဝ” တပ်မတော် – UWSA က ၎င်းအဖွဲ့ဝင် ထိပ်တန်းခေါင်ဆောင် ၂ ဦးကို အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကော်မတီဝင်အဖွဲ့ဝင်ကနေ ဖယ်ရှားကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ “ဝ”တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

UWSA တရုတ်နိုင်ငံသားတွေကို နေ့စဉ်ပြန်ပို့နေ၊ ဒီနေ့လည်း ကျားဖျန့်နဲ့ ဆက်စပ်သူ ၃၀ ဦးပြန်ပို့

“ဝ” တပ်မတော် – UWSA က အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်သူ တရုတ်နိုင်ငံသား ၃၀ ဦးကို တရုတ်နိုင်ငံထံ ထပ်မံအပ်နှံလိုက်တယ်လို့ “ဝ” ပြည်တရားစီရင်ရေး ကော်မတီ – WSP က ဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

UWSA က ကျားဖျန့်နဲ့ဆက်စပ်သူ တရုတ်နိုင်ငံသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်ထံ ထပ်မံအပ်နှံ

“ဝ” တပ်မတော် – UWSA က အွန်လိုင်လိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့ တရုတ်အလိုရှိတဲ့ တရားခံ ၂ ဦးကို တရုတ်နိုင်ငံထံ ပြန်လည်အပ်နှံခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီ – WSP က ထုတ်ပြန်ခဲ့ပါတယ်။

တာချီလိတ်မြို့နယ်ထဲ ကျားဖြန်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၂၀ ကျော် ဖမ်းဆီးရမိ

ရှမ်းအရှေ့ တာချီလိတ်မြို့နယ်ထဲ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၅ ဦးနဲ့ လာအိုနိုင်ငံသား ၁ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မူဆယ်မြို့ရှိ ဟိုတယ် 68 အနီးက ကျားဖြန်ရုံတစ်ခုမှာ လူသတ်မှု ဖြစ်ပွါးခဲ့လို့ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဟိုတယ် 68 အနီး ကျားဖြန်ရုံတစ်ခုမှာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်ဖမ်းဆီးပြုလုပ်နေတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။