ဓာတ်ပုံ – Local၊ စစ်ကောင်စီ

မိုင်းရူပ၊ ဇွန်လ ၁၄ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၈၈ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့ ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က မူဆယ်မြို့ ကောင်းမူလွယ်ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၃၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့တစ်ရက်တည်းမှာပင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်ခုမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်က မူဆယ်မြို့တွင်းမှာ ကျားဖြန်ရုံတွေကို လိုက်လံဖမ်းဆီးနေပေမယ့် ကျားဖြန်ရုံတွေ ဆက်ရှိနေပြီး အာဏာပိုင်တွေဘက်က ပါဝင်ပတ်သက်မှုရှိနေတာကြောင့် ကျားဖြန်ဂိုဏ်းတွေကို နှိမ်နင်းဖို့ မဖြစ်နိုင်ဘူးလို့ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျားဖြန်ဖမ်းတော့မယ်ဆိုရင် သူတို့ကို အရင်အကြောင်းကြားတယ်။ ပြီးမှ ဗန်းပြဝင်စီးတာပေါ့။ အခုဆိုလည်း မူဆယ်မှာ ကျားဖြန်ရုံတွေ အများကြီးပဲ ကျန်သေးတယ်။ ကျနော်အသိတွေလည်း ကျားဖြန်လုပ်တဲ့သူတွေကို အကြိုအပို့လုပ်ပေးနေတာ တွေ့ရတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်မှာလည်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ကျားဖြန်ရုံတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကစပြီး ရှမ်းမြောက်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လိုက်လံစီးနင်းတာတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျားဖျန့်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး UWSAက တရားရေးကော်မတီက ထိပ်တန်းခေါင်းဆောင် ၂ ဦးကို ရာထူးဖယ်ရှားပြီး ထောင်ဒဏ်ပေး

“ဝ” တပ်မတော် – UWSA က ၎င်းအဖွဲ့ဝင် ထိပ်တန်းခေါင်ဆောင် ၂ ဦးကို အွန်လိုင်းငွေလိမ်လည်မှု (ကျားဖျန့်) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ကော်မတီဝင်အဖွဲ့ဝင်ကနေ ဖယ်ရှားကာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်တယ်လို့ “ဝ”တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မက်မန်းမှာ ကျားဖြန်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၉၀ ဦး ဖမ်းဆီးရမိ

ရှမ်းမြောက် မက်မန်းမြို့နယ်ထဲ သံလွင်မြစ်အနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၉၀ ဦးနဲ့ လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်သူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့နယ်မှာ တရားမဝင် နေထိုင်ကြသူတွေနဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်‌ကောင်စီက ထုတ်ပြန်ထားပါတယ်။

လဲချားနယ်ထဲက နောင်လုံကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရှမ်းတောင် လဲချားမြို့နယ် နောင်လုံကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။