UWSA က ၄ လအတွင်း “ဝ”ဒေသထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၆၀၀ ကျော် ပြန်ပို့ခဲ့
“ဝ”တပ်မတော်- UWSA ထိန်းချုပ်နယ်မြေထဲ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားကို “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ဆက်တိုက်ဖမ်းဆီးကာ တရုတ်ပြည်ဘက် ပြန်ပို့နေပြီး ၄ လအတွင်း တရုတ်နိုင်ငံသား ၆၀၂ ဦး ပြန်ပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။