ဓာတ်ပုံ – The Kokang

ဝတ်မှုံ၊ မေ ၁ ရက်၊ မုံးကိုး

ကိုးကန့်တပ် ​MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့မှာ တအာင်းတပ် TNLA ရဲ့ တပ်သားတွေကို ကိုးကန့်တပ်က စစ်မှုထမ်း ခေါ်​နေပြီး သူတို့တပ်ထံ စစ်မှု မထမ်းတဲ့သူတွေကို ရွာပြင်နှင်ထုတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ကိုးကန့်တပ်သား ၁၀ ဦးဝန်းကျင်ဟာ ပန်စီတိုင်ရွာကိုလာပြီး TNLA တပ်သားဟောင်းတွေကို ဧပြီ ၂၈ ရက်နောက်ဆုံးထားပြီး စစ်မှုလာရောက်ထမ်းဆောင်ဖို့ ပြောခဲ့ပြီး စစ်မှုမထမ်းတဲ့ မိသားစုတွေရဲ့ နေအိမ်နဲ့ လယ်ယာတွေကိုလည်း သိမ်းယူနေသလို ဒေသခံတွေကိုလည်း ရွာအပြင် နှင်ထုတ်နေတယ်လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

” စစ်သား ၁၀ ယောက်လောက် ရောက်လာတာ။ အဲဒါ သူ့အမေနဲ့ပဲ တွေ့တယ်တဲ့။ သူ့အမေကို ဖိအားပေးတာပေါ့။ နေချင်တယ်ဆိုရင် သား၊ သမီးတွေကို ခေါ်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လာရင် ရဲလုပ်ခိုင်းမယ်တဲ့။ ရှေ့တန်းမသွားရဘူးတဲ့​။ သူ့ရဲ့အမေက အသက် ၅၅ နှစ် ရှိပြီ။ သူ့မိန်းမက ကိုယ်ဝန် ၇ လလောက်လည်း လွယ်ထားသေးတယ်။ သူ့ သမီးက တစ်ယောက် စုစုပေါင်း ၃ ယောက်ပေါ့။ ပလောင်စစ်သားလုပ်နေတဲ့တစ်ယောက်က။ သူ MNDAA ထဲကိုမဝင်လို့တဲ့။ ကိုးကန့်တွေက ရွာကိုလာပြီးတော့ သူတို့တစ်အိမ်လုံးကို နှင်ထုတ်လိုက်တယ်။ ထွက်ပြေးလို့တဲ့။ ကောင်းကောင်းမွန်မွန်တပ်ထဲ မဝင်လို့တဲ။ တစ်အိမ်လုံးကို သိမ်းလိုက်တယ်။ သူတို့လယ်ယာတွေလည်း သိမ်းလိုက်တယ်။ ပြန်မလာနဲ့တဲ့”

ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မုံးကိုးမြို့ထဲရှိ တအာင်းကျေးရွာက TNLA တပ်သားတွေကို MNDAA တပ်က ၎င်းတို့ထံ စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ်နေသလို TNLA တပ်သားတချို့ကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကနေ မနေ့ မတ်လ ၁၆ ရက်အထိ ​ကိုးကန့်တပ်က နမ်ဝါကျေးရွာက TNLA တပ်သား ၅ ဦး၊ ရှောက်ရွှေကျင်ရွာက ၂ ဦး၊ ပန်စီတိုင်ရွာက ၁ ဦးနဲ့ နမ့်ဟာရွာက ၁ ဦး စုစုပေါင်း ၉ ​ဦးဖမ်းဆီးခဲ့ပြီးမတ်လ ၂၃ ရက်မှာ နမ့်ဝါရွာက ၂ ဦး၊ ရှောက်ရွှေကျင်ရွာက ၁ ဦး၊ ပန်စီတိုင်ရွာက ၁ ဦးနဲ့ နမ့်ဟာရွာက ၁ ဦးစုစုပေါင်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၄ ဦးကိုတော့ ကိုးကန့်တပ်ထဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

မုံးကိုးမှာ နေထိုင်တဲ့ ဘယ်လူမျိုးမဆို မိသားစုတစ်စုမှာ အမျိုးသား ၂ ဦးရှိရင် ၁ ဦးနဲ့ အမျိုးသမီး ၃ ဦးရှိရင် ၁ ဦး MNDAA ထံ စစ်မှုထမ်းခိုင်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ MNDAA တပ်ထဲ စစ်မှုထမ်းရတဲ့ မုံးကိုးကတအာင်းလူမျိုး ၂၀၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။