မိုင်းရူပ၊ မေလ ၅ ရက်၊ မိုးမိတ်

ရှမ်းမြောက် မိုးမိတ်မြို့ထဲ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းပြီးနောက် ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်ဘက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်မှာ စစ်တပ်ဘက်က မိုးကုတ်ကနေ မိုးမိတ်မြို့ထဲ စစ်ကား ၁၂ စီးနဲ့ စစ်အင်အား ဖြည့်တင်းခဲ့ပြီးနောက် KIA ဘက်ကလည်း ဒေသခံတွေကို တိမ်းရှောင်ကြဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။

“စစ်ကား ၁၂ စီး လူအပြည့်နဲ့ မိုးကုတ်ဘက်ကနေ မိုးမိတ်ကို ရောက်လာတာ။ မဘိမ်းဘက်ကို ထိုးမယ်လို့ သတင်းထွက်နေတာ။ KIA က သတိပေးထားတာ ကြားတယ်။ အခု မဘိမ်းရွာဘက်က စစ်ရှောင်နေကြပြီ” လို့ မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က ရှမ်းမြောက်-ကချင်နယ်စပ်မှာရှိတဲ့ မဘိမ်းမြို့ကို ပြန်ရဖို့ မိုးမိတ်-မြစ်ဆုံ လမ်းပိုင်းကနေတဆင့် ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်မှု ရှိနေပါတယ်။

မဘိမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်တပ်ဟာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တအာင်းတပ်ဆီကနေ ပြန်ရပြီးနောက် မြို့ပြင်နေရာနဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။