မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနဲ့ FPNCC က ဘယ်အဖွဲ့တွေ စားပွဲဝိုင်းဆီ ရောက်လာနိုင်မလဲ

စစ်ခေါင်းဆောင်က​နေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်လာနေပါတယ်။

အီနိုင်းရွာက အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ် ဖမ်းဆီး၊ စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့် လုပ်ခိုင်း

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာခံ ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့်အဖြစ် လုပ်နေရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လူသတ်မှု ကျူးလွန်ပြီး “ဝ”ပြည်ထဲ ပုန်းအောင်းနေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ထပ်မံ ဖမ်းဆီးလွှဲပြောင်း၊ တရုတ်ထံ တရားခံ လွှဲပြောင်းမှု ၄ ကြိမ်အထိ ရှိလာ

တရုတ်က ဖမ်းဆီးပေးဖို့ “ဝ”တပ်- UWSA ထံ အကြောင်းကြားထားတဲ့ လူ ၂ ဦးကို “ဝ”ပြည် တရားရေးကော်မတီ- WSP က ဖမ်းဆီးပြီး မုန်းအားနယ်စပ်ဂိတ်ကနေတဆင့် တရုတ်ရဲလက်ထဲ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရွှေကူဒေသအတွင်း စစ်ကောင်စီနဲ့ ဆက်နွယ်မှု မပြုလုပ်ဖို့ KIA သတိပေး

ကချင်ပြည်နယ် ရွှေကူဒေသအတွင်း နေထိုင်ကြတဲ့ ဒေသခံနဲ့ ရွှေတူးဖော်ရေး၊ သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူ‌တွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာတွေ မပြုလုပ်ကြဖို့ ကချင်တပ်မတော်- KIA ရဲ့ အမှတ်(၁၂)တပ်ရင်းက သတိပေးချက် ထုတ်ပြန်လာပါတယ်။

လားရှိုးမှာ ရက် ၁၀၀ စီမံချက်အတွင်း မှတ်ပုံတင်တွေ လုပ်ဆောင်ပေးနေတယ်ဆိုပေမယ့် သိန်း ဆယ်နဲ့ချီပြီး ပေးဆောင်နေရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မှတ်ပုံတင် လာရောက်ပြုလုပ်တဲ့ ဒေသခံတွေဟာ ငွေသိန်းဆယ်ချီအထိ ပေးဆောင်နေရတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မှာ စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို တော်လှန် ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ Mi 17 ထောက်ပို့ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF က သတင်းထုတ်ပြန်ထားပါတယ်။

တောင်သာမှာ NUG နဲ့ PLA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှု မပြေလည်သေး၊ အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေအကြား ပြေလည်မှု မရသေးဘူးလို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ရွှေဖီမြေကို ပြောပါတယ်။

မြင်းခြံခရိုင်မှာရှိတဲ့ PLA ရဲ့ တပ်စခန်းတွေကို NUG ဖိအားပေး၊ နှစ်ဖက်တပ် စစ်ရေးဆက်လက်တင်းမာနေ

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA ရဲ့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံတပ်တွေက ဖိအားပေးနေတယ်လို့ PLA က ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်သတင်းသမား ၃၃ ဦးက အာရက္ခမီဒီယာကောင်စီ (APC)ကို ဖွဲ့စည်း

ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လွတ်လပ်တဲ့ ရခိုင်သတင်းသမား ၃၃ ဦးက အာရက္ခမီဒီယာကောင်စီ (Arakha Press Council – APC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

လားရှိုးမြို့ ရပ်ကွက်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ကောင်စီနဲ့ နီးစပ်သူတွေ အများစု ဝင်ပြိုင်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ကောင်စီနဲ့ နီးစပ်သူတွေ အများစု ဝင်ပြိုင်ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။