ဓာတ်ပုံ – PLA၊ NUG

မိုင်းရူပ၊ ဇွန်လ ၂၃ ရက်၊ တောင်သာ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ လက်အောက်ခံတပ်တွေအကြား ပြေလည်မှု မရသေးဘူးလို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ရွှေဖီမြေကို ပြောပါတယ်။

တောင်သာမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုနဲ့ နှစ်ဖက်တပ်ရဲ့ ထုတ်ပြန်ချက်မှာ အပြန်အလှန် စွပ်စွဲမှုတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။

NUG ရဲ့ မနေ့ ဇွန်လ ၂၂ ရက် ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်က ဝဲလောင်ကျေးရွာနေ ဦးသန့် (အမည်လွှဲ) ဆိုသူကို PLA တပ်ဘက်က စစ်ကောင်စီရဲ့ သတင်းပေးဆိုပြီး ၎င်းနဲ့အတူ ပိုင်ဆိုင်မှုတချို့ကို သိမ်းဆည်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဦးသန့်ဟာ PLA က စွပ်စွဲထားသလို စစ်ကောင်စီရဲ့ သတင်းပေး မဟုတ်ဘဲ သာမန်ကားသမားသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီနောက် ဦးသန့်ရဲ့ ဇနီးဖြစ်သူထံ ငွေသိန်းနှစ်ထောင် ပေးမှ ပြန်လွှတ်ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် ၎င်းရဲ့ ဇနီးဖြစ်သူက NUG ထံ အမှုတိုင်ထားပြီး ပြန်လွှတ်ပေးဖို့ ပြောရာကနေ မလွှတ်ပေးတာကြောင့် အခုလို တင်းမာမှုတွေ ဖြစ်ပွားရတာလို့ ဆိုပါတယ်။

မနေ့ ဇွန်လ ၂၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာတော့ ဦးသန့်ဆိုသူကို PLA က ပြန်လွှတ်ပေးခဲ့ကြောင်း၊ အကြောင်းပြန်ပြီး ဝဲလောင်းရွာနဲ့ ရွာသစ်ကြားမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာနဲ့ ပြန်တွေ့ခဲ့ပြီး ပိုင်ဆိုင်မှုတွေကိုလည်း ပြန်ပေးတာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် PLA တပ်းခန်းဟောင်းတွေထဲကို NUG တပ်တွေဝင်ရောက်ချိန် မိုင်းထောင်ထားတာကြောင့် ရဲဘော် ၄ ဦးသေဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

PLA တပ်ဘက်ကတော့ ၎င်းတို့ စစ်ဆေးချက်အရ ဦးသန့်ဟာ စစ်ကောင်စီရဲ့ သတင်းပေးတစ်ဦးဖြစ်ပြီး ၎င်းရဲ့ ဇနီးဖြစ်သူက ငွေပေးပြီး ပြန်လွှတ်ဖို့ ညှိနှိုင်းခဲ့ပေမယ့် လက်ခံခဲ့တာ မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

NUG ဘက်က PLA ရဲ့ တပ်စခန်းတွေကို မြင်းခြံခရိုင်ကနေ ဆုတ်ခွာဖို့ ပြောဆိုနေတာကြောင့် ဒီနေ့ ဇွန်လ ၂၃ ရက်အထိ စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

“တောင်သာမှာ ဖြစ်နေတဲ့ ပြဿနာကတော့ မပြေလည်သေးဘူးဗျ။ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာပဲ ရှိနေပါတယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ NUG နဲ့ PLA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့သာ အဖြေရှာကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။