ဓာတ်ပုံ – PLA

မိုင်းရူပ၊ ဇွန်လ ၂၂ ရက်၊ မြင်းခြံ

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA ရဲ့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံတပ်တွေက ဖိအားပေးနေတယ်လို့ PLA က ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇွန်လ ၂၁ ရက်မှာ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က တောင်သာမြို့နယ်အတွင်းရှိ PLA တပ်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ပြီး တားဆီးရာကနေ တင်းမာမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ ဇွန်လ ၂၂ ရက်မှာလည်း မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာ ၂ ခုမှာ PLA ရဲ့ တပ်စခန်းကို NUG ဘက်က ဝင်ရောက်စီးနင်းခဲ့ပြီး PLA ရဲဘော်ရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာ NUG ရဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတာဝန်ခံက PLA အနေနဲ့ ဖမ်းဆီးရမိတဲ့ ဒလန်တွေကို သက်သေခံပစ္စည်းတွေနဲ့ အပ်နှံဖို့နဲ့ PLA တပ်အနေနဲ့ မြင်းခြံခရိုင်ကနေ တပ်တွေ ဆုတ်ခွာပေးဖို့ ပြောဆိုလာတယ်လို့ ဆိုပါတယ်။

PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက “လောလောဆယ်တော့ ထိပ်တိုက်မှုမဖြစ်အောင် ကျနော်တို့ရဲဘော်တွေက ရှောင်တိမ်းပေးနေတဲ့ အခြေအနေမျိုးရှိတယ်။ ကျနော်တို့ လက်တွဲတဲ့ မဟာမိတ်ခေါင်းဆောင်တွေကို ခေါ်တွေ့ပြီးတော့ ဘယ်ဘက်ကပါမလဲဆိုပြီး ဖိအားပေးနေတာရှိတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

PLA အနေနဲ့ NUG ရဲ့ ယန္တရားတွေမှာ ပူးပေါင်းမှုတွေရှိနေပြီး မြင်းခြံခရိုင်ကနေ တပ်တွေဆုတ်ခွာဖို့ ဖိအားပေးတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ PLA က ထုတ်ပြန်ထားပါတယ်။

NUG တပ်ဘက်ကတော့ မြင်းခြံခရိုင်မှာ တော်လှန်ရေးတပ်အချင်းချင်း ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာလည်း နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု- SRA ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်း မင်းကင်းအခြေစိုက် ကျောင်းသားလက်ရုံးတော်လှန်ရေးတပ်တော်- SRF ရဲ့ ခေါင်းဆောင်ကို NUG က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက်မှာလည်း စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို NUG က ဖမ်းဆီးထားပြီး ဒီနေ့အချိန်အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။

NUG ရဲ့ ကွပ်ကဲမှုအောက်မရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အပေါ် တော်လှန်အင်အားစုတွေဘက်က ဝေဖန်မှုတွေရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။