ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ကောင်စီနဲ့ နီးစပ်သူတွေ အများစု ဝင်ပြိုင်ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးပွဲကို ဒီနေ့ ဇွန်လ ၂၁ ရက်မှာ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်အချို့မှာ ပြုလုပ်ခဲ့ပြီး တစ်အိမ်လျှင် တစ်ဦး မဲသွားပေးရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီနဲ့ ပတ်သက်တဲ့သူတွေပဲ ဝင်ပြိုင်ကြတာ။ သူတို့လူဟောင်းတွေရယ်၊ ပြည်သူ့စစ်နဲ့ ပတ်သက်တဲ့သူတွေရယ် ဝင်ပြိုင်ကြတာ။ ဒီနေ့မှာ မဲသွားပေးရတာ” လို့ ဆိုပါတယ်။

ကျန်ရပ်ကွက်တွေကိုတော့ မနက်ဖြန် ဇွန်လ ၂၂ရက်မှာ အုပ်ချုပ်ရေးမှူး ထပ်မံရွေးချယ်သွားမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်- ရမခ တည်ရှိရာ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ ကိုးကန့်တပ်ထံ ပြန်လည်ထိန်းချုပ်ခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ပတ်နေတာ ၁ နှစ်ကျော်ကြာ ရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို ပြန်လည်ထိန်းချုပ်ထားပြီး မြို့ပြင်က နေရာတွေကိုတော့ ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။