မိုးမိတ် – တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ် ထိန်းချုပ်

ရှမ်းမြောက် မိုးမိတ်မြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်က တွင်းငယ်လမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံရသူတွေထဲက သီပေါဒေသခံ ၂၃ ဦးလည်း ပြန်မလွှတ်သေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖမ်းဆီးခံရသူတွေထဲက သီပေါဒေသခံ ၂၃ ဦးဟာ ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ်ရဲ့ ကွတ်ခိုင်ထိုးစစ်အတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့

ကွတ်ခိုင်မှာ ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MNDAA ဖမ်းထားတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေး

ကိုးကန့်တပ်မတော်- MNDAA ဖမ်းဆီးထားတဲ့ တအာင်းတပ်မတော်- TNLA ရဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့နယ်ရှိ PDA စခန်းကို ZRA အဖွဲ့က ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ

ချင်းပြည်နယ် တီးတိန်မြို့နယ် ဂဲလ်ဇန်းရွာအနီးမှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDA ရဲ့စခန်းကို ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA က တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ZRA က မနေ့ မတ်လ ၂၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နမ့်ခမ်းမှာ ဓာတ်ဆီတစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရ၊ ဆီဆိုင်တချို့လည်း ပိတ်

တအာင်းတပ်- PSLF/ TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ ဓာတ်ဆီ တစ်လီတာကို ၂ သောင်းကျပ်နဲ့ ဝယ်ယူနေရပြီး ဆိုင်တချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင် လူထုတွေ့ဆုံပွဲမှာ ကိုးကန့်တပ် ထုတ်ပြန်ချက်နဲ့ မြေပြင်မှာ ပြောကြားခဲ့တဲ့ အချက်တချို့ ကွဲလွဲမှုရှိနေ

ကိုးကန့်တပ်- MNDAA က ကွတ်ခိုင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တဲ့ အချက်တချို့နဲ့ ဒီနေ့ မတ်လ ၂၄ ရက် MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အချက်အလက်ဟာ ကွဲလွဲတာတွေ ရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ့်ခမ်းမြို့နယ်ကနေ ကိုးကန့်တပ်သားတချို့ ပြန်လည်ဆုတ်ခွာပေမဲ့ TNLA ရဲ့ ၁၂ မိုင်ဂိတ်မှာ ကိုးကန့်တပ် အလံထောင်ပြီး တပ်စွဲထားဆဲ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဖတ်ကာကြား ၁၂ မိုင်ဂိတ်ကနေ ကိုးကန့်တပ်- MNDAA ရဲ့ တပ်သားတချို့ ပြန်လည်ဆုတ်ခွာနေပြီဖြစ်ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ထိန်းချုပ်တဲ့ ၁၀၅ မိုင်မှာ TNLA က တအာင်းအလံပြန်လည် လွှင့်ထူပြီဟု ဆို

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ် – TNLA ၊ ကိုးကန့်တပ် – MNDAA ၊ အာရက္ခတပ်- AA တို့ ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်မှာ TNLA က တအာင်းအလံပြန်လည်လွှင့်ထူနေပြီလို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင် မုံးစီး၊ တာမိုးညဲနဲ့ တက္ကနိုင်းက တအာင်းရွာတွေကို MNDAA က ယူနီဖောင်း ၂ စုံ ပေးပြီး စစ်မှုထမ်းခိုင်း

ကွတ်ခိုင်မြို့နယ် မုံးစီး၊ တက္ကနိုင်းနဲ့ တာမိုးညဲဒေသရှိ တအာင်းကျေးရွာတွေကို ကိုးကန့်တပ်- MNDAA က ယူနီဖောင်း ဝေပေးပြီး စစ်မှုထမ်းခိုင်းနေတယ်လို့ မုံးစီးဒေသခံ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။