Browsing Category
သတင်း
3932 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
သီပေါမှာ မြစ်ရေ တက်လာပြီး လှေနဲ့ ကမ်းကူးတာ ပိတ်ထားတာကြောင့် တံတားပေါ် ဖြတ်သန်းခွင့်ပေးဖို့ ကားသမားတွေ တောင်းဆို
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် သီပေါ-လားရှိုးကြားရှိ ဒုဌဝတီမြစ်ရေ တက်လာပြီး လှေနဲ့ ကမ်းကူးတာ ပိတ်ထားတာကြောင့် သီပေါတံတားပေါ် ဖြတ်သန်းသွားလာခွင့်ပေးဖို့ ကားသမားတွေက တောင်းဆိုနေကြပါတယ်။
သဖန်းဆိပ်ဆည် ရေ ဖောက်ချမှုကြောင့် ကောလင်း၊ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်မှာ ရေကြီးနစ်မြုပ်မှုဒဏ် ဆိုးဆိုးရွားရွား ခံနေရ
သဖန်းဆိပ်ဆည် ရေဖောက်ချမှုကြောင့် ဆည်အောက်ပိုင်းဒေသတွေဖြစ်တဲ့ ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေက ကျေးရွာပေါင်း တစ်ရာနီးပါးဟာ ရေကြီးနစ်မြှုပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုး အေတီချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ လယ်တွေ ရေနစ်မြှုပ်၊ ရှမ်းမြောက်မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် လားရှိုးမြို့ပြင်ရှိ အေတီချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ လယ်ယာတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကလေးမြို့မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဓားခုတ်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး(ဟောင်း) ဓားနဲ့ ခုတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ဒုဌဝတီမြစ်ရေ တက်လာတာကြောင့် သီပေါမှာ လှေနဲ့ ကမ်းကူးတာ ပိတ်ထားရ၊ သီပေါတံတားပေါ် ဖြတ်သန်းခွင့် ပိတ်ထားတာကြောင့် ကားတွေ ဖြတ်သန်းလို့မရဖြစ်နေ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် သီပေါ-လားရှိုးကြားရှိ ဒုဌဝတီမြစ်ရေ တက်လာပြီး သီပေါတံတားမှာ လှေနဲ့ ကမ်းကူးတာကို ပိတ်ထားတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။